■ ၂၀၂၄-၂၅ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၄-၂၅ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Reuters
Photo: Reuters
Published 15 October 2024

◘ စကော့တလန် - ပေါ်တူဂီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)

‌‌ပေါ်တူဂီက ခြေစွမ်းကောင်း၊ စွမ်းဆောင်ရည်ကောင်းနဲ့ ရလဒ်ကောင်းတွေ ယူနေတယ်။ ပိုလန်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တာက ချီးကျူးစရာကောင်းတယ်။ ဘရူနိုဖာနန်ဒက်စ်က ပေါ်တူဂီမှာ ပိုကောင်းနေသလို၊ စီရော်နယ်လ်ဒိုကလည်း ဂိုးတွေသွင်းပေးနေတုန်းပဲ။ စကော့တလန်က အသင်းကောင်းတစ်သင်းဆိုပေမဲ့ ဒီအုပ်စုမှာကတော့ သူတို့အတွက်  တော်တော်လေးခက်ခဲပါတယ်။ ပြိုင်ဘက်တွေက အင်အားတောင့်လွန်းတယ်။ ချီးကျူးစရာက သူတို့ကစားတဲ့ပွဲတွေမှာ ပွဲကောင်းတွေ ကစားနိုင်ခဲ့တာဖြစ်တယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ ပေါ်တူဂီကို အခက်တွေ့စေမယ်။ ပေါ်တူဂီ ကပ်နိုင်မယ်။

◘ စပိန် - ဆားဘီးယား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)

စပိန်အသင်းက ဆားဘီးယားနဲ့ ကစားခဲ့တဲ့ ပထမအကျော့ပွဲမှာ ဂိုးမရှိသရေပဲ ကစားနိုင်ခဲ့တယ်။ အဲဒီပွဲတုန်းက တစ်ပွဲလုံးမှာ ဆားဘီးယားက ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်သာ ရခဲ့တယ်။ စပိန်အသင်းက တစ်ပွဲလုံးမှာ အခွင့်အရေး ၁၆ ကြိမ်အထိ ရရှိခဲ့တယ်။ ဘောလုံးပိုင်ဆိုင်ခွင့်က ၇၅ ရာခိုင်နှုန်းလောက်အထိ ရှိခဲ့တယ်။ အဲဒီတစ်ပွဲကို သရေကျခဲ့ပေမဲ့ ဒယ်လာဖွန်တေရဲ့အသင်းက တခြားပွဲတွေကို အနိုင်ကစားနိုင်ခဲ့တယ်။ ခြေစွမ်းပိုင်းက အကောင်းဆုံးအနေအထားမှာလည်း ရှိနေတယ်။ အိမ်ကွင်းမှာလည်း ကစားရမယ်။ စပိန်အတွက် အနိုင်သေချာတဲ့ပွဲပါ။

◘ ပိုလန် - ခရိုအေးရှား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)

‌အပြန်အလှန်ဂိုးတွေသွင်းမယ့် ပွဲတစ်ပွဲဖြစ်လာနိုင်တယ်။ ပုံမှန်အားဖြင့် ခံစစ်ပိုင်း အားကောင်းကြတဲ့အသင်းတွေ ဖြစ်ပေမဲ့ အခုအချိန်မှာ နှစ်သင်းစလုံးရဲ့ခံစစ်တွေက ဂိုးတွေ လွယ်လွယ်ခွင့်ပြုနေရတယ်။ ပေါ်တူဂီနဲ့ ကစားခဲ့တဲ့ပွဲမှာ ပိုလန်ရဲ့ ခြေအရည်အသွေးက အားရစရာမရှိခဲ့ဘူး။ ဒါပေမဲ့ ၀ါဆောမြေပေါ်မှာတော့ ခြားနားတဲ့ပုံစံကို မြင်တွေ့ရမယ် ထင်တယ်။ ခရိုအေးရှားရဲ့နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲက အပြန်အလှန်ဂိုးတွေ သွင်းခဲ့ပြီး ပိုလန်ကလည်း နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲက

အပြန်အလှန်ဂိုးတွေ သွင်းခဲ့တယ်။ ဒီပွဲက ဂိုးများနိုင်တယ်။ ပိုလန်ကို ကြိုက်တယ်။ ၂-၁၊ ၃-၂ ရလဒ်တွေဖြစ်နိုင်တယ်။

◘ ဆွစ်ဇာလန် - ဒိန်းမတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)

‌ဒိန်းမတ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စပိန်ကို ရှုံးခဲ့ပြီး ရှေ့နှစ်ပွဲမှာတော့ နို်င်ပွဲရထားတယ်။ ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကို ကြည့်ရင် ဒိန်းမတ်က အသာစီးယူခဲ့တာများတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲအဖြစ် အခု Nations League ရဲ့ ပထမအကျော့မှာ ကစားခဲ့ပြီး ဒိန်းမတ်က ၂ ဂိုးပြတ် အနိုင်ရခဲ့တယ်။ ဆွစ်ဇာလန်ရဲ့လက်ရှိခြေစွမ်းပိုင်းက တော်တော်လေးအားနည်းတဲ့ အနေအထားမှာရှိတယ်။ ရလဒ်တွေက လည်းဆိုးတယ်။ ဆွစ်ဇာလန်ရဲ့ ခြေစစ်ပွဲနဲ့ နိုင်ငံတကာပွဲဖြတ်သန်းမှုတွေကို ကြည့်ရင် အခုတကြိမ်က အားအနည်းဆုံးဖြစ်နေတာ တွေ့ရတယ်။ ဒိန်းမတ်ပဲ ကြိုက်တယ်။

◘ ကိုဆိုဗို - ဆိုက်ပရပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)

ကိုဆိုဗိုက လျှော့တွက်လို့မရတဲ့အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းလည်း ကောင်းတယ်။ ဒီအုပ်စုမှာ ရိုမေးနီးယားကို ယှဉ်ကစားဖို့ ခက်ပေမဲ့ ကျန်အသင်းတွေထက် သာပါတယ်။ ဒီပွဲမှာလည်း ကိုဆိုဗိုရဲ့လက်ရှိခြေစွမ်းနဲ့ တိုက်စစ်ကို ဆိုက်ပရပ်စ် ထိန်းနိုင်ဖို့ ခက်ပါတယ်။ ကိုဆိုဗိုပဲ နိုင်မယ်။

◘ လစ်သူယေးနီးယား - ရိုမေးနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)

အုပ်စုတွင်း အားအနည်းဆုံးအသင်းနဲ့ အားအကောင်းဆုံးအသင်းတို့ တွေ့တဲ့ပွဲဖြစ်တယ်။ ရိုမေးနီးယားက တဖြည်းဖြည်း ပြန်အားကောင်းလာပြီး လာမယ့် Nations League မှာ League B ကို တက်မယ့် အသင်းလည်းဖြစ်တယ်။ ရိုမေးနီးယားပဲ အနိုင် ရလိမ့်မယ်။

◘ ဘီလာရုစ် - လူဇင်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)

ဒီအုပ်စုမှာ လူဇင်ဘတ်က အားအနည်းဆုံးအသင်းဖြစ်ပြီး ဘီလာရုစ်၊ ဘူလ်ဂေးရီးယားနဲ့ မြောက်အိုင်ယာလန်အသင်းတွေက အကြိတ်အနယ် ရှိတယ်။ လူဇင်ဘတ်ဆီက အမှတ်တွေယူပြီး အုပ်စုဗိုလ်နေရာအတွက်အမှားမရှိအောင်ကစားရမှာပါ။

ဘီလာရုစ်ပဲ နိုင်မယ်။

◘ မြောက်အိုင်ယာလန် - ဘူလ်ဂေးရီးယား (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၆ ရက် နံနက် ၁:၁၅ နာရီ)

ခြေရည်မကွာတဲ့ အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်တယ်။ ဘူလ်ဂေးရီးယားက အရင်က ဘောလုံးအဆင့်အတန်းမျိုးမှာ မရှိတော့ဘူး။ မြောက်အိုင်ယာလန်က ပရီးမီးယားလိဂ်နဲ့ လိဂ်ချန်ပီယံရှစ် ကစားသမားတွေအများစု ပါဝင်နေတဲ့အသင်းပါ။

မြောက်အိုင်ယာလန်ကို ကြိုက်တယ်။

Most Read

Most Recent