လော်တာရိုမာတီနက်ဇ်မှာ မည်သည့်ကစားသမားထက်မဆို Ballon d'Or ဆုနှင့် ပိုမိုထိုက်တန်သည်ဟု ဒန်းနစ် ဆို

လော်တာရိုမာတီနက်ဇ်မှာ မည်သည့်ကစားသမားထက်မဆို Ballon d'Or ဆုနှင့် ပိုမိုထိုက်တန်သည်ဟု ဒန်းနစ် ဆို
Photo: AFP
Photo: AFP
Published 14 October 2024

နာပိုလီ၊ အတ္တလန်တာအသင်းတို့တွင်ကစားခဲ့သည့် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒန်းနစ်က လက်ရှိအင်တာမီလန်အသင်းတွင်ကစားနေသည့် အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် (၂၇ နှစ်)မှာ အခြားမည်သည့်ကစားသမားထက်မဆို Ballon d'Or  ဆုနှင့် ပိုမိုထိုက်တန်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၄)ပွဲကစားရာတွင် (၂၇) ဂိုးသွင်းယူခဲ့သလို၊ စီးရီးအေရွှေဖိနပ်ဆု (၂၄ ဂိုး)နှင့် စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုရရှိခဲ့သည်။

ထို့ပြင် စီးရီးအေတစ်နှစ်တာအကောင်းဆုံးအသင်းတွင်ပါဝင်ခဲ့သလို၊ အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့်လည်း ၂၀၂၄ ကိုပါအမေရိကချန်ပီယံဆုကို အဓိကကစားသမားအဖြစ်ရယူနိုင်ခဲ့သည့်အပြင် ကိုပါအမေရိကရွှေဖိနပ်ဆုနှင့် ပြိုင်ပွဲအကောင်းဆုံးအသင်းတို့တွင် ပါဝင်နိုင်ခဲ့သည်။

ဒန်းနစ်က ''ဒီရာသီမှာ လော်တာရိုမာတီနက်ဇ်ဟာ ဘယ်ကစားသမားထက်မဆို Ballon d'Or ဆုနဲ့ပိုမိုထိုက်တန်တဲ့နှစ်ပါ။ ဘာကြောင့်လဲဆိုရင် သူဟာ ဆုဖလားတွေရခဲ့သလို၊ ဂိုးတွေလည်းအများကြီးသွင်းယူခဲ့လို့ပါပဲ''ဟုဆိုခဲ့သည်။

Most Read

Most Recent