မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်အတွက် လိုအပ်သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းသာရရှိသေးကြောင်း UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်အတွက် လိုအပ်သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းသာရရှိသေးကြောင်း UNOCHA ထုတ်ပြန်
မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်မိသားစုတစ်စုကို တွေ့ရစဉ်
မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်မိသားစုတစ်စုကို တွေ့ရစဉ်
Published 14 October 2024

၂၀၂၄ ခုနှစ် ၁၀ လတာကာလရောက်သည့်တိုင် မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်အတွက် လိုအပ်သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်း မျှသာရရှိသေးကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး-မြန်မာ(UNOCHA-Myanmar)၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ၁၀ လပိုင်းအတွင်း ဝင်ရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် လိုအပ်သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရရှိထားကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအတွက် ကျယ်ပြန့် လာသည့်လိုအပ်ချက်များကို အလုံးအရင်းဖြင့် အကူအညီပေးတုံ့ပြန်နိုင်ရန် ထပ်ဆောင်းရန်ပုံငွေများ အရေးပေါ်လိုအပ်နေကြောင်း UNOCHA က ထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံရှိအရပ်သားများသည် ကျယ်ပြန့်လာသည့်ပဋိပက္ခနှင့် ထိခိုက်သေကျေမှုရှိခဲ့သော ရေဘေးသင့်ခြင်းများအပါအဝင်များ ပြားလာသည့်အန္တရာယ်ကို ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေသုံးသန်းကျော်ရှိကြောင်း UNOCHA က ဆိုသည်။

စက်တင်ဘာ ၉ ရက်မှစ၍ ယာဂိမုန်တိုင်း အဖျားခတ်ခြင်းနှင့် မုတ်သုံမိုးကြီးခြင်းများကြောင့် နိုင်ငံ၏မြို့နယ်ပေါင်း ၃၃၀ အနက်မှ မြို့နယ် ၇၀ ရှိ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့် ခွာနေကြရသူအများအပြားအပါအဝင် ခန့်မှန်းခြေ လူဦးရေ တစ်သန်းခန့် ရေဘေးသင့်ခဲ့ရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား တုံ့ပြန်အကူအညီပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ အစည်းများသည် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ အဖွဲ့အစည်းအမျိုးမျိုး၏ သွားလာခွင့်တားဆီးကန့်သတ်ခံရခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့်ရန်ပုံငွေနည်းပါးခြင်းများအပါအဝင် စိန်ခေါ် မှုများစွာရင်ဆိုင်နေရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြင့်တက်လာသော လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်သောနိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ၊ အကြမ်းဖက်မှုများကို နေ့စဉ်ကြုံတွေ့နေရသည့် ပြည်သူများ၊ ပဋိပက္ခနှင့် သဘာဝ ဘေးနှစ်မျိုးကြောင့် နေရပ်စွန့်ခွာနေရမှုများအစရှိသည့် အခြေအနေများကို တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂက ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ကို မဟာဗျူဟာသုံးရပ်ချမှတ်၍ စတင် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent