အင်္ဂလန်အသင်းအတွက် ဒုတိယအကြိမ် ပွဲကစားခွင့်ရရှိရန် ဂိုးသမား ဒင်းန်ဟန်ဒါဆန် ရက်ပေါင်း(၁၄၃၁)ရက် စောင့်ဆိုင်းခဲ့ရ

အင်္ဂလန်အသင်းအတွက် ဒုတိယအကြိမ် ပွဲကစားခွင့်ရရှိရန် ဂိုးသမား ဒင်းန်ဟန်ဒါဆန် ရက်ပေါင်း(၁၄၃၁)ရက် စောင့်ဆိုင်းခဲ့ရ
Photo: England
Photo: England
Published 14 October 2024

အင်္ဂလန်လက်ရွေးစင်အသင်း၏ ဂိုးသမား ဒင်းန်ဟန်ဒါဆန်သည် အင်္ဂလန်အသင်းအတွက်  ဒုတိယအကြိမ် ပွဲကစားခွင့်ရရှိရန် ရက်ပေါင်း(၁၄၃၁)ရက် စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ဟန်ဒါဆန်(၂၇ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် ဂိုးသမား  တွမ်ဟီလ်တန် ဒဏ်ရာရရှိသွားသည့်အတွက် လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခေါ်ယူခြင်းခံခဲ့ရသည်။

ထို့နောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ယှဉ်ပြိုင်ကစားခဲ့သော အိုင်ယာလန်နှင့် ခြေစမ်းပွဲ၌ နစ်ပုပ်အစား လူစားဝင်ကစားခွင့်ရခဲ့သည်။

၎င်းသည် ယင်းပွဲပြီးကတည်းက အရန်ခုံထိုင်နေခဲ့ရခြင်းဖြစ်ပြီး တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဖင်လန်နှင့် Nations League ပွဲစဉ်ရောက်မှ ပြန်လည်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်း၏ ယာယီနည်းပြ လီကာစလေသည် ဖင်လန်နှင့်ပွဲတွင် ဟန်ဒါဆန်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

လီကာစလေသည် ဂရိအသင်းကို ရှုံးနိမ့်ခဲ့သောပွဲ၌ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသော ဂိုးသမား ပစ်ဖို့ဒ်ကို အရန်ခုံပို့၍ ဟန်ဒါဆန်ကို ပွဲထွက်စေခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent