ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေသည့် အဖွဲ့များ တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက် သေဆုံးမှုများရှိ

ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေသည့် အဖွဲ့များ တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက် သေဆုံးမှုများရှိ
Published 12 October 2024
ဘိုဘိုမြင့်

ကရင်ပြည်နယ်အတွင်း လူဦးရေနှင့် အိမ်အေကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူနေသည့်အဖွဲ့များ တိုက်ခိုက်ခံမှုများရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အောက်တိုဘာ ၁၀ ရက်   နံနက် ၇ နာရီ က ဘားအံမြို့နယ် သာမညကျေးရွာမြောက်ပိုင်း၊ ဇေယျာသီရိရပ်ကွက်ရှိ ဝင်းစိန်ဘုန်းကြီးကျောင်း မုခ်ဝအနီးတွင် သန်းခေါင်စာရင်းကောက်ခံနေသည့်အဖွဲ့အား လုံခြုံရေးယူပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသော Hijet အမျိုးအစား မော်တော်ယာဉ်မှာ RPG ဖြင့် အနီကပ် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “RPG နဲ့ အနီးကပ် ပစ်ခတ်ခံရလို့ Hijet ယာဉ်ပေါ်လိုက်ပါလာကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် သုံး ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင် သုံး ဦးက ထိခိုက်ဒဏ်ရာတွေရသွားတယ်လို့ သိရပါတယ် ဟု ပြောကြားသည်။

ထိုသို့ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်းစာရင်းကောက်ခံမည့်အဖွဲ့တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အများအပြားရောက်ရှိလာကာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာဝန်းကျင်အား နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခဲ့သည်ဟု သိရကြောင်း ၎င်းဒေသခံက ဆိုသည်။

ထိုတိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အလားတူ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီ ခန့်ကလည်း ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း ကောက်ယူပြီးပြန်လာသည့်အဖွဲ့မှာလည်း ကမမောင်းမြို့အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်းနှင့် သန်းခေါင်စာရင်း အဖွဲ့အား လုံခြုံရေးယူပေးနေသည့် BGF တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent