ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်နှင့် ဘတ် ၃၈ သန်းကျော် ထပ်မံရောင်းချခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၂၆ သန်းကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ် သန်း ၆၀ ကျော် ရောင်းချထား

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်နှင့် ဘတ် ၃၈ သန်းကျော် ထပ်မံရောင်းချခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၂၆ သန်းကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ် သန်း ၆၀ ကျော် ရောင်းချထား
Published 11 October 2024

ဗဟိုဘဏ်က အောက်တိုဘာ ၁၀ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်နှင့် ဘတ် ၃၈ သန်းကျော် ထပ်မံရောင်းချခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၂၆ သန်းကျော်၊ ယွမ်သုံးသန်းကျော်၊ ဘတ်သန်း ၆၀ ကျော် ရောင်းချထားသည်။

အောက်တိုဘာလတွင် နိုင်ငံခြားငွေ ကြေးစျေးကွက်အတွင်း ဗဟိုဘဏ်က ဒေါ်လာ၊ ယွမ်၊ ဘတ်ရောင်းချမှုအနေဖြင့် အောက်တိုဘာ ၂ ရက်တွင် ယွမ် ၁ ဒသမ ၂ သန်း ကျော်  (၁၂၄၇၉၆၂ ဒသမ ၇၇)နှင့် ဘတ် ၁၀ သန်းကျော် (၁၀၂၃၀၀၀၀)၊အောက်တိုဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၃၅၃၅ ကျပ်ဖြင့် ဒေါ်လာ ရှစ်သိန်းနီးပါး၊ယွမ် ၁ ဒသမ ၂ သန်းကျော်နှင့် ဘတ်တစ်သန်းကျော်၊ အောက်တိုဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၃၅၄၃ ကျပ်ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၂၂ သန်းကျော်၊ ယွမ် ၂ ဒသမ ၈ သိန်းကျော်၊ အောက်တိုဘာ ၇ ရက်တွင် ဘတ် ၁၀ သန်းကျော်၊ အောက်တိုဘာ ၉ ရက်တွင် တစ်ယွမ်လျှင် ၅၀၇ ကျပ်နှုန်းဖြင့် ယွမ် ၆ ဒသမ ၆ သိန်းကျော်၊  အောက်တိုဘာ ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ ဘတ် ၃၈ သန်းကျော်ထုတ်ရောင်းခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၂၆ ဒသမ ၃ သန်းကျော် (၂၆၃၉၂၈၅၄ ဒသမ ၂)၊ယွမ် ၃ ဒသမ ၄ သန်း ကျော်(၃၄၂၆၅၈၆ ဒသမ ၆၈)၊ဘတ် သန်း ၆၀ ကျော်(၆၀၀၉၂၀၁၀ ဒသမ ၃) ထုတ်ရောင်းထားခြင်းဖြစ်သည်။

ဗဟိုဘဏ်က စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာ ၃၅၂၉  ကျပ်ဖြင့် ၁၃ ဒသမ ၁၆ သန်းကျော်နှင့် ယွမ် ၁ ဒသမ ၈ သန်းကျော် ထုတ်ရောင်းခဲ့သည်။  

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး စျေးကွက်အတွင်း စက်တင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာ ၃၅၂၉ ကျပ်ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၆ သန်းကျော်၊စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ ၃၅၂၈ ကျပ်ဖြင့် ဒေါ်လာ ၈၄၁၇၀၊ စက်တင်ဘာ ၂၆ ရက်တွင် တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၄၀၀၀၀၊  စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၁၃ သန်းနီးပါး (၁၂၈၉၉၄၂၇ ဒသမ ၅၀)နှင့် ယွမ်ခုနစ်သိန်း ၊ စက်တင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာ ၃၅၂၀ ကျပ်ဖြင့် ဒေါ်လာ ၂၃ သန်းနီးပါး (၂၂၆၄၉၅၇၃ ဒသမ ၁၈)၊ စက်တင်ဘာ ၂၀ ရက်တွင် တစ်ဒေါ်လာ ၃၅၁၉ ကျပ်ဖြင့် ဒေါ်လာ  ၁ ဒသမ ၂၈ သန်းကျော်နှင့် ယွမ်ရှစ်သိန်း ထုတ်ရောင်း ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် (FX Trading  Platform)တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာသန်း ၃၀ ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၉ တွင် ဗဟိုဘဏ်က FX Market Online Trading Platform တွင် ဒေါ်လာ ၈ ဒသမ ၅ သန်းကျော်(၈၅၁၈ -၀၇၂ ဒသမ ၂၉ )နှင့် ထိုင်းဘတ်နှစ်သန်းကျော် (၂၀၅၂၀၄၇ ဒသမ ၈၇ )၊စက်တင်ဘာ ၁၈ တွင် ထိုင်းဘတ်သုံးသန်းကျော် ထုတ်ရောင်းခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  စက်တင်ဘာ ၁၈ ရက်က နိုင်ငံခြားငွေကြေး စျေးကွက်အတွင်း FX Market Online Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် ၁၀ သန်း ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက် FX Market Online Trading Platform တွင် ဘတ်သုံးသန်းကျော်(၃၂၅၄၀၁၇ ဒသမ ၂၇) ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၁၂ ကျပ်ဖြင့် ဒေါ်လာ ၃၀၀၀၀ ထပ်မံ ထုတ်ရောင်းခဲ့သည်။

စက်တင်ဘာ ၁၆ တွင် ဗဟိုဘဏ်က နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၁၁ ကျပ်ဖြင့် ဒေါ်လာ ငါးသန်း ထပ်မံထုတ်ရောင်းခဲ့သည်။