ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်ကထက် ပြိုင်ပွဲဝင်အရေအတွက် နည်းပါး

ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်ကထက် ပြိုင်ပွဲဝင်အရေအတွက် နည်းပါး
Published 11 October 2024

ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်( အောက်တိုဘာ ၁၆ ရက်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆင်ပြိုင်ပွဲက သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ကျင်းပမှာပါ။ ဒီနှစ် ပြိုင်ပွဲဝင်အရေအတွက်က နည်းပါတယ်။ ၁၀ စီးလောက်ပဲရှိပါတယ်။ ဆုတွေက ပထမ၊ ဒုတိယ၊ တတိယ ပေးသွားမှာပါ။ ဖွင့်ပွဲက နာရီလုပ်ပြီး နာရီလောက်စမှာပါ။ နောက်ရက်ကျ တောင်ပေါ်တက်ဘုရားဖူးကြ၊ ဆင်လှူပွဲတွေ လုပ်ကြမှာပါဟု ပွဲတော်ကျင်းပရေးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ကျောက်ဆည်မြို့ဆင်အကပြိုင်ပွဲတွင် ခုံဒိုင် (ဗဟိုခုံ)တွင် ၁။ ဘိုကေ (ရိုးရာ ကလေးတန်း) ၂။ ပဏ် (သဘာဝဆင်) ၃။ ရွှေဝါဦး (ဘော်ကြယ်) ၄။ မြတ်ဂုဏ်ရောင်(ရိုးရာ အကြီးတန်း) ခုံဒိုင် ( မြို့လယ်လက်ပြတိုင်)တွင် ၁။ မြင်စိုင်းဇာနည်(ရိုးရာ အကြီးတန်း) ၂။ ဒွေး(ဘော်ကြယ်) ခုံဒိုင် (လေးမျက်နှာ ဘုရားကွင်း)တွင် ၁။ ခေတ်သစ်မာန်(ရိုးရာ ကလေးတန်း) ၂။ ဂရုဏာရှင်(သဘာဝဆင်) ၃။ ပိတောက်မြိုင်(ရိုးရာ အကြီးတန်း) ၄။ သားဇော်ဂျီ (ဘော်ကြယ်)တို့သည် အမှတ်စဉ် အတိုင်း ခုံဒိုင် ခုလုံးတွင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဒိုင်ခုံ ခုလုံး ယင်းနေ့ နံနက် နာရီတွင်ပြိုင်ပွဲစမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ဆည်မြို့ ဆင်လှူပွဲတော်သည် နှစ်စဉ်ရိုးရာအစဉ်အလာမပျက် ရိုးရာပွဲတော်အဖြစ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ဆင်အကအလှပြိုင်ပွဲ ကျင်းပကာလပြည့်နေ့ တွင် ဆွမ်းတော်ကြီးကပ်လှူပွဲ၊ ရွှေဆင်၊ ငွေဆင် လှူဒါန်းပွဲ ကျင်းပလေ့ရှိကြောင်း သိရသည်။