ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏အာဏာများ ပြန်လည်အပ်နှင်းမည်ဟု အတိအလင်းပြောဆိုခဲ့ပြီးဖြစ်သဖြင့် ၎င်းရည်မှန်းချက် အောင်မြင်စေရေးတစ်စိုက်မတ်မတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိဟု နစကဥက္ကဌ ပြောကြား

ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏အာဏာများ ပြန်လည်အပ်နှင်းမည်ဟု အတိအလင်းပြောဆိုခဲ့ပြီးဖြစ်သဖြင့် ၎င်းရည်မှန်းချက် အောင်မြင်စေရေးတစ်စိုက်မတ်မတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိဟု နစကဥက္ကဌ ပြောကြား
Published 9 October 2024

ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏အာဏာများ ပြန် လည်အပ်နှင်းမည်ဟု အတိအလင်းပြောဆိုခဲ့ပြီးဖြစ်သဖြင့် ၎င်းရည်မှန်းချက် အောင်မြင်စေရေး တစ်စိုက်မတ်မတ်အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၈ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး၌ အမှာစကားပြောကြားရာတွင် နစက ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဌက မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရစဉ်ကတည်းကပင် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပြီး အန္နိမရည်မှန်းချက်အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏အာဏာများ ပြန် လည်အပ်နှင်းသွားမည်ဟု အတိအလင်းပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းရည်မှန်းချက် အောင်မြင်စေရေး မိမိတို့အနေဖြင့် တစ်စိုက်မတ်မတ်အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးတွင် ရိုးသားမှုမရှိပါ ရိုးသားမှုမရှိခြင်း၏ အကျိုး ဆက်ကို ပြန်လည်ခံစားရမည်ဖြစ်ကြောင်းကို မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ် များအပြင် နိုင်ငံတကာဖြစ်စဉ်များတွင်လည်း မြင်တွေ့ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့မှ အတူတကွပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိဘဲ ပြည်သူလူထုပါဝင်သည့် လုံခြုံရေးသည် ပိုမို ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးသည် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို ပြည်သူများကအသိရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူများက လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ပေးမည်ဆိုပါက လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုများ လျော့နည်း သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေး အမြင်ဖြင့်ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိ စေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှု မရှိစေရေးတို့အတွက် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်မှသာလျင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ် ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အထက်ပါ အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်၊ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊

ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်နယ် အလိုက် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာ အဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိမှု၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သမားများဖော်ထုတ်ရမိမှုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှု၊ တပ်နယ်များအလိုက် နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွစုပေါင်း၍ အများပြည်သူ နှင့် သက်ဆိုင်သည့်နေရာများ၊ ဘုရား၊ စေတီများ၌ သန့်ရှင်းသာယာလှပရေး ဆောင် ရွက်ပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်များအလိုက်၊ လမ်းမကြီးများအလိုက်ရှိ စစ်ဆေးရေး နေရာများတွင် လုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှု၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် လိုအပ်သည်များထောက်ပံ့ပေးနိုင်မှု၊ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအား ကောက် ကွက်များအလိုက် ကောက်ယူဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အားလုံးက အတူတကွ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent