မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ဈာပနပြုလုပ်

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ဈာပနပြုလုပ်
Published 8 October 2024

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ဈာပနပြုလုပ်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီမှစတင်ကာ ဈာပန အခမ်းအနားကိုပြုလုပ်နေပြီး တောင်အင်း‌မြောက်အင်းသုသာန်သို့ ပို့ဆောင်ကာ မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ရရက် နံနက်လေးနာရီခန့်က မန္တလေးဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီးတွင် ကင်ဆာရောဂါဝေဒနာကြောင့် တက်ရောက်ကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် အဂတိမှုအပါအဝင် အမှုပေါင်း ၁ဝခုဖြင့် ထောင်ဒဏ်၂၉ နှစ်ကျခံလျက်ရှိရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၆-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄) ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်းနေစဉ်ထဲက ကင်ဆာရောဂါအား ခံစားနေရသူဖြစ်ပြီးကုသမှုများ ခံယူနေရသူဖြစ် ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent