ချန်ပီယံဆုအတွက် ပြောရန်စောသေးသည်ဟု နာပိုလီနည်းပြ ကွန်တီ ဖွင့်ဟခဲ့ပြီး ဇန်နဝါရီတွင် ကစားသမားသစ်များ ထပ်မံခေါ်ယူသွားရန်စီစဉ်နေ

ချန်ပီယံဆုအတွက် ပြောရန်စောသေးသည်ဟု နာပိုလီနည်းပြ ကွန်တီ ဖွင့်ဟခဲ့ပြီး ဇန်နဝါရီတွင် ကစားသမားသစ်များ ထပ်မံခေါ်ယူသွားရန်စီစဉ်နေ
Photo: X
Photo: X
Published 7 October 2024

နာပိုလီအသင်း၏ အီတလီလူမျိုးနည်းပြ ကွန်တီက မိမိတို့အနေဖြင့် လက်ရှိတွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာ၌ရပ်တည်နေသော်လည်း ချန်ပီယံဆုအတွက် တိကျတိကျကျခန့်မှန်းပြောဆိုရန် စောနေသေးသည်ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်၊ အင်တာမီလန်အစရှိသည့် စီးရီးအေထိပ်တန်းအသင်းကြီးများကိုကွယ်တိုင်ခဲ့သူ ကွန်တီ (၅၅ နှစ်)သည် နာပိုလီအသင်းအား ပြီးခဲ့သည့် ၂၀၂၄ နွေရာသီက စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီတွင်ပင် အသင်းအတွက်သိသာထင်ရှားသည့် တိုးတက်မှုရရှိစေရန် လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။

နာပိုလီအသင်းသည် ကွန်တီလက်အောက် ယခုရာသီစီးရီးအေပွဲစဉ် (၇)အပြီးတွင် ရှုံးပွဲတစ်ပွဲသာကြုံတွေ့ထားပြီး (၅)ပွဲနိုင်၊ (၁) ပွဲသရေ ရမှတ် (၁၆)မှတ်ဖြင့် အမှတ်ပေးထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိနေပြီး အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ အေစီမီလန်အသင်းတို့နှင့်အပြိုင် စကူဒက်တိုချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည်။

လက်ရှိ နာပိုလီအသင်းနှင့်ပတ်သက်ပြီး စကူဒက်တိုချန်ပီယံဆုရယူရန် မျှော်လင့်ထားခြင်းရှိ၊ မရှိ မေးမြန်းမှုအပေါ် ကွန်တီက '' နေပယ်လ်မြို့ဟာ အလွန်ကျေနပ်နှစ်သက်စရာကောင်းပါတယ်။ ကျွန်တော်ကတော့ လက်ရှိမှာ ဆုဖလားတွေယူဖို့ထက် နေပယ်လ်မြို့၊ နာပိုလီအသင်းတွေနဲ့ ပိုပြီးအသားကျအောင် ဘယ်လိုလုပ်ဆောင်ရမလဲဘဲ စဉ်းစားနေတာပါ။ ကျွန်တော်တို့ထက် ရေပန်းစားတဲ့အသင်းတွေ အများကြီး ရှိနေသေးပြီး အခွင့်အရေးရရင်တော့ လိုချင်ပါတယ်'' ဟုဖြေကြားခဲ့သည်။

ထို့ပြင် နာပိုလီအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ထပ်ခေါ်ရန် စီစဉ်နေပြီး ခံစစ်ပိုင်းအတွက် အဓိကအားဖြည့်သွားရန်ရည်ရွယ်နေကြောင်း သိရသည်။

Most Read

Most Recent