နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်ရန် အချိန်ဆွဲမနေသင့်ဟု လူမှုကွန်ရက်မှတစ်ဆင့် မန်ယူပရိသတ်အချို့ တောင်းဆိုမှုပြုလုပ်

နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်ရန် အချိန်ဆွဲမနေသင့်ဟု လူမှုကွန်ရက်မှတစ်ဆင့် မန်ယူပရိသတ်အချို့ တောင်းဆိုမှုပြုလုပ်
Photo: Premier League
Photo: Premier League
Published 7 October 2024

လက်ရှိနည်းပြ တန်ဟက်ဂ်၏လက်ထက်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရခြင်းအတွက် ဒေါသထွက်နေသော မန်ယူပရိသတ်အချို့က တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ရန် အချိန်ဆွဲမနေသင့်ဟု လူမှုကွန်ရက်မှတစ်ဆင့် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

မန်ယူအသင်းသည် လက်ရှိအချိန်တွင် ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဂိုးမသွင်းနိုင်သည့်ပွဲမှာလည်း (၃)ပွဲရှိခဲ့သည်။

အက်စတွန်ဗီလာနှင့်ပွဲတွင်လည်း ပုံစံကောင်းပြသနိုင်ခြင်းမရှိသည့်အတွက် ၎င်းကို ရာထူးမှထုတ်ပယ်သင့်ပြီဟု အဆိုပါပရိသတ်များက ယူဆနေခြင်းဖြစ်သည်။

ပရိသတ်တစ်ဦးက ''INEOS အနေနဲ့ တန်ဟက်ဂ်ကို ရာထူးကမထုတ်ဘူးဆိုရင် သူတို့ဟာ ဂလေဇာမိသားစုထက်တောင် ဆိုးတဲ့သူတွေဖြစ်သွားပါလိမ့်မယ်''ဟု X တွင် ရေးသားခဲ့သည်။

အခြားပရိသတ်တစ်ဦးကလည်း ''ဂိုးပေါက်တောင် ခြိမ်းခြောက်နိုင်စွမ်းမရှိသလောက်ဖြစ်ခဲ့တဲ့ စွမ်းဆောင်ရည်က ရှက်စရာပါပဲ။ အချိန်ဆွဲမနေဘဲ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ'' ဟု ရေးသားခဲ့သည်။

Most Read

Most Recent