ဂါဇာစစ်ပွဲ နှစ်ပတ်လည်နေ့မတိုင်မီ အစ္စရေးက ဘေရွတ်မြို့တော်တွင် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

ဂါဇာစစ်ပွဲ နှစ်ပတ်လည်နေ့မတိုင်မီ အစ္စရေးက ဘေရွတ်မြို့တော်တွင် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
Published 6 October 2024

 

ဂါဇာတွင်ဖြစ်ပွားနေသည့် စစ်ပွဲတစ်နှစ် ပြည့်လုနီးပါးအချိန်တွင် အစ္စရေးက အောက်တိုဘာ ၆ ရက်၌ လက်ဘနွန်နိုင်ငံဘေရွတ်မြို့တော်တွင် ပြင်းထန်သည့်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဘေရွတ်မြို့တော်၏ တောင်ဘက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များကို အစ္စရေးက နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင်း လက်ဘနွန်ဝန်ကြီးချုပ်နာဂျစ် မီကာတီက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက်အစ္စရေးကို ဖိအားပေးကြရန် တောင်းဆိုခဲ့သည်။

ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် စစ်ပွဲဖြစ်ပွားခဲ့သည့်တစ်နှစ်ပြည့်မတိုင်မီ အစ္စရေးတပ်ဖွဲ့များကပြင်းပြင်းထန်ထန် တပ်လှန့်ခဲ့ခြင်းဖြစ်သည်။

ဂါဇာတွင်ဖြစ်ပွားနေသည့်စစ်ပွဲသည် တစ်နှစ်ကြာမြင့်လာခဲ့ပြီးနောက် လက်ရှိတွင် အစ္စရေးသည် ၎င်း၏ဦးတည်ချက်ကိုလက်ဘနွန်ရှိ ဟားမာ့စ်၏ အီရန်ကျောထောက်နောက်ခံပြုမဟာမိတ်အဖွဲ့ ဟစ်ဇ်ဘိုလာထံ ပြောင်းလဲခဲ့သည်။

ဟစ်ဇ်ဘိုလာတို့ ခြေကုပ်ယူထားသည့် ဘေရွတ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ရှိခဲ့ကြောင်းလက်ဘနွန်နိုင်ငံပိုင်သတင်းတွင်ဖော်ပြထားသည်။ အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုတွင် ဓာတ်ဆီဆိုင်တစ်ဆိုင်နှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းသိုလှောင်ရုံတစ်ခုတို့ကိုထိ မှန်ခဲ့သည်။

“လေကြောင်းတိုက်ခိုက်မှုတွေက ငလျင် လှုပ်နေသလိုပါပဲ” ဟု အသက် ၆၀ အရွယ်စျေးဆိုင်ပိုင်ရှင် မက်ဒီဇိုင်တာကဆိုသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းင်းတို့သည်အရပ်သားများ ထိခိုက်မှုအန္တ ရာယ်လျော့ပါးစေရန် စီမံချက်များဆောင် ရွက်နေစဉ် လက်နက်သိုလှောင်ရုံများနှင့်အ ခြေခံအဆောက်အအုံတို့ကို လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ကြီးမားသော အသံများနှင့်ပေါက်ကွဲသံ ကြီးမားထွက်ပေါ်ပြီးနောက် လူနေရပ်ကွက် တွင် မီးခိုးလုံးကြီးများထွက်ပေါ်နေကြောင်း အေအက်ဖ်ပီသတင်းဌာန၏ ရုပ်သံဗီဒီယိုတွင် ဖော်ပြထားသည်။

တောင်ပိုင်းဆင်ခြေဖုံးအနီးရှိ ဆာဘရာ ဒေသတွင် လူပေါင်းဒါဇင်သည် အိတ်များကို သယ်ဆောင်၍ ခြေလျင်ထွက်ပြေးခဲ့ကြပြီး အချို့မှာ မော်တော်ဆိုင်ကယ်များဖြင့်ထွက် ပြေးခဲ့ကြသည်။

ဟစ်ဇ်ဘိုလာအဖွဲ့၏ထုတ်ပြန်ချက်အရ ၎င်းင်းတို့သည် သေဆုံးနှင့် ဒဏ်ရာရစစ်သား များကို ရွှေ့ပြောင်းရန် လုပ်ဆောင်နေစဉ် တိုက်ခိုက်ရေးသမားများသည် အစ္စရေးတပ် ဖွဲ့ထံ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းင်းတို့သည်အစ္စ ရေးစစ်စခန်းတစ်ခုထံ ချေမှုန်းရေးဒရုန်းများ ပစ်လွှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်(တနင်္လာနေ့) တွင်ကျရောက်မည့် စစ်ပွဲတစ်နှစ်ပြည့်နေ့မ တိုင်မီ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ်ဟာဂရီက“ကျွန် တော်တို့အနေနဲ့ နိုင်ငံကို တိုက်ခိုက်တာမျိုး တွေ ကြုံလာနိုင်တဲ့ အဲဒီနေ့အတွက် ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း တပ်ဖွဲ့အင်အားတိုး မြှင့်ဖို့ ပြင်ဆင်ထားပါတယ်”ဟုဆိုသည်။

အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်၏တိုက်ခိုက်မှုကြောင့် အရပ်သား အများစုအပါအဝင် လူ ၁,၂၀၅ ဦးသေဆုံးခဲ့ ကာ ဓားစာခံအများအပြား ဖမ်းဆီးခေါ် ဆောင်ခံခဲ့ရကြောင်း အစ္စရေးအစိုးရက ထုတ် ပြန်ထားသည်။

တစ်နှစ်အကြာ၌ ဂါဇာတွင် ဟားမာ့စ် နှင့် အစ္စရေး၏စစ်ပွဲသည် ဆက်လက်ဖြစ်ပွား နေသော်လည်း လက်ဘနွန်နှင့် ဟစ်ဇ်ဘိုလာ ဘက်သို့ ၎င်းင်း၏ဦးတည်ချက်ကို ပြောင်းလဲလာ ခဲ့သည်။အစ္စရေးသည် လက်ဘနွန်တွင်စက် တင်ဘာ ၃၀ နောက်ပိုင်းမြေပြင်နှင့်ဝေဟင်မှ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့ဝင် ၄၄၀ ခန့်သေဆုံးခဲ့သည်။  

Ref: AFP

Photo: Reuters