အစ္စရေးအား အရေးယူရန် ပါလက်စတိုင်း၏ တိုင်ကြားမှုကို စုံစမ်းစစ်ဆေးမည်ဟု FIFA ထုတ်ပြန်

အစ္စရေးအား အရေးယူရန် ပါလက်စတိုင်း၏ တိုင်ကြားမှုကို စုံစမ်းစစ်ဆေးမည်ဟု FIFA ထုတ်ပြန်
Photo: YouTube
Photo: YouTube
Published 6 October 2024

 

အစ္စရေးဘောလုံးအဖွဲ့ချုပ် (IFA) အား အရေးယူရန် ပါလက်စတိုင်းဘောလုံးအဖွဲ့ ချုပ် (PFA) ၏ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

IFA အနေဖြင့် FIFA က ချမှတ်ထားသည့်စည်းမျဉ်းများ ချိုးဖောက်သဖြင့် အစ္စရေးလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများအား အရေးယူရန် PFA က မေလအတွင်း တိုင်ကြားထားခြင်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်ကပြုလုပ်သည့် FIFA ကောင်စီအစည်းအဝေးတွင် IFA အား အချက်နှစ်ချက်ဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

FIFA ၏ ထုတ်ပြန်မှုတွင် အစ္စရေးအမျိုး သားလိဂ်ပြိုင်ပွဲအတွင်း ခွဲခြားဆက်ဆံမှုစွပ်စွဲ ချက်များကို စည်းကမ်းထိန်းသိမ်းရေးကော် မတီက စုံစမ်းစစ်ဆေးရန်၊ ပါလက်စတိုင်း နယ်မြေတွင် အခြေစိုက်သည်ဟု စွပ်စွဲထား သည့် အစ္စရေးဘောလုံးအသင်းများ၏ အစ္စ ရေးပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်မှုကို အုပ်ချုပ်ရေး၊ စာရင်းစစ်နှင့် စည်းကမ်းလိုက်နာမှုကော်မတီက စုံစမ်းစစ်ဆေးရန် ဖော်ပြထားသည်။ 

IFA က စွပ်စွဲမှုများကို ငြင်းဆန်သော်လည်း PFA ကမူ FIFA ကောင်စီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။ အစ္စရေးအသင်းသည် ၂၀၂၄-၂၀၂၅ UEFA Nations League (A) ၏ အုပ်စု (၂) တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အီတလီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ စသည့်ထိပ်သီးအသင်း များနှင့်အတူ ကျရောက်နေသည်။ 

၎င်းတို့ အနေဖြင့် စစ်ပွဲအခြေအနေကြောင့် အိမ်ကွင်းပွဲများကို ဟန်ဂေရီနိုင်ငံ၌ ကျင်းပနေရသည်။

Most Read

Most Recent