■ စာတတ်လာတဲ့ အာဆင်နယ်နဲ့ အာတီတာရဲ့ နည်းလမ်းများ     

■ စာတတ်လာတဲ့ အာဆင်နယ်နဲ့ အာတီတာရဲ့ နည်းလမ်းများ     
Photo: AFP
Photo: AFP
Published 4 October 2024
Chan Myae

အာဆင်နယ်အသင်းလို့ ဆိုလိုက်တာနဲ့ တိုက်စစ်အသားပေး၊ ညက်ညောမှုအသားပေး ကစားဟန်တွေနဲ့ တွဲမြင်တတ်ကြတာဟာ အာစင်ဝင်းဂါးလက်ထက်ကနေ အာတီတာလက်ထက်အထိပါပဲ။ ဝင်းဂါးရဲ့ အနီးကပ်အတိုပေးတွဲလုံးတွေဟာ ပရိသတ်များစွာကို ဆွဲဆောင်ဖူးပါတယ်။ အာတီတာဟာလည်း ဂွါဒီယိုလာအယူအဆတွေနဲ့ ရင်းနှီးသူပီပီ ဘောလုံးပိုင်ဆိုင်မှုအသားပေး၊ တိုက်စစ်အသားပေးပုံစံကို အဓိကထားသုံးစွဲပါတယ်။ ဒါကို ဂွါဒီယိုလာဆန်တယ်လို့ ပြောကြပါစို့။ ဒါပေမဲ့ ခံစစ်ကို စနစ်တကျပိတ်ဆို့ပြီး ရလဒ်ကောင်းတွေကို ယူတတ်ခြင်းဟာ မော်ရင်ဟိုဆန်တယ်လို့ ပြောမယ်ဆိုရင် အာတီတာဟာ မော်ရင်ဟိုလည်း ဆန်တတ်တာကို မြင်ရပါတယ်။