ဘရက်စ်နဲ့ အမြင့်ပျံဖို့ကြိုးစားမယ့် အာဖရိကကြယ် (သို့မဟုတ်) ဆီမာ

ဘရက်စ်နဲ့ အမြင့်ပျံဖို့ကြိုးစားမယ့် အာဖရိကကြယ် (သို့မဟုတ်) ဆီမာ
Photo : X
Photo : X
Published 3 October 2024
Linn Oo Eain

ပြီးခဲ့တဲ့ကြားရက်က ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြင်သစ်ကလပ် ဘရက်စ်က ဆာလ်ဇ်ဘာ့ဂ်ကို သြစတြီးယားမြေမှာ (၄-ဝ)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ ဘရက်စ်အသင်းဟာ ချန်ပီယံလိဂ် (၂)ပွဲကစားအပြီး ရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့ကာ သူတို့ရဲ့ ဥရောပမျှော်လင့်ချက်အိပ်မက်ကို အကောင်းဆုံးအသက်သွင်းနိုင်ခဲ့တယ်။ ဆိုချင်တာက ဘရက်စ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဆီမာအကြောင်း။ ဆီမာက ချန်ပီယံလိဂ် (၂)ပွဲကစားပြီးချိန်မှာ ဘရက်စ်အသင်းအတွက် (၃)ဂိုးအထိ သွင်းယူထားခဲ့တယ်။ ဒါကြောင့်လည်း ဘရက်စ်ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကစားသမားဖြစ်လာခဲ့ပြီး ဥရောပဘောလုံးကင်းထောက်တွေရဲ့ စောင့်ကြည့်လေ့လာခြင်းကို ခံခဲ့ရတယ်။

 

Most Read

Most Recent