မန်ယူနှင့်ပွဲတွင် ဒိုင်လူကြီးများကို ဆဲဆိုခဲ့သည့် ဆောက်သမ်တန် အသင်းခေါင်းဆောင် စတီဗင်စ် ထပ်တိုး (၂) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

မန်ယူနှင့်ပွဲတွင် ဒိုင်လူကြီးများကို ဆဲဆိုခဲ့သည့် ဆောက်သမ်တန် အသင်းခေါင်းဆောင် စတီဗင်စ် ထပ်တိုး (၂) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ
Photo: Getty Images
Photo: Getty Images
Published 2 October 2024

 

မန်ယူနှင့်ကစားခဲ့သည့်ပွဲတွင် ဒိုင်လူကြီးများကို ကြမ်းတမ်းသည့်စကားလုံးများဖြင့်ဆဲဆိုခဲ့သည့် ဆောက်သမ်တန်အသင်းခေါင်းဆောင် ဂျက်စတီဗင်စ်သည် (၂) ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် (၅၀၀၀၀) ဒဏ်တပ်ရိုက်ခံခဲ့ရကြောင်း သိရသည်။ 

စက်တင်ဘာလ (၁၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်  ဆောက်သမ်တန် (၀-၃) မန်ယူပွဲတွင် ဆောက်သမ်တန်အသင်းခေါင်းဆောင် စတီဗင်စ်သည် ပွဲချိန် (၇၉)မိနစ်၌ မန်ယူတိုက်စစ်ကစားသမား ဂါနာချိုကို ဥပဒေပကစားသဖြင့် တိုက်ရိုက်အနီ ကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ 

စတီဗင်စ်သည် ယင်းပွဲတွင် ၎င်းအား အနီကတ်ပြခဲ့သည့်ကွင်းလယ်ဒိုင် အက်စ်ဝဲလ်နှင့် စတုတ္ထဒိုင် ဂါဗင်ဝက်ဒ်တို့ကို ဆဲဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က တိုက်ရိုက်အနီကတ်ကြောင့် (၃)ပွဲပယ်ပြစ်ဒဏ်ကျခံနေရသည့် ဆောက်သမ်တန်အသင်းခေါင်းဆောင် စတီဗင်စ်ကို ထပ်တိုး (၂)ပွဲပယ်ပြစ်ဒဏ်ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

FA ၏ထုတ်ပြန်ချက်တွင် "စက်တင်ဘာ (၁၄)ရက်က ကစားခဲ့သည့် မန်ယူနှင့်ပွဲတွင် မတော်မလျော် ပြုလုပ်ခဲ့သည့် ဆောက်သမ်တန်အသင်းခေါင်းဆောင် စတီဗင်စ်ကို ထပ်တိုးပြစ်ဒဏ်(၂) ပွဲနှင့် ဒဏ်ငွေ ပေါင် (၅၀၀၀၀)ဒဏ်ရိုက်ခဲ့ကြောင်း" ဖော်ပြပါရှိသည်။ စတီဗင်စ်က ၎င်း၏လုပ်ရပ်အတွက် ပြန်တောင်းပန်ခဲ့သည်။ 

Most Read

Most Recent