ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆရာလာကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောကြား

ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆရာလာကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောကြား
Published 28 September 2024

စက်တင်ဘာ ၂၇ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် ဆေးယက် ဟက်ဆန် နာဆရာလာသေဆုံခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ဟစ်ဇ်ဘိုလာအရာရှိများထံမှ မှတ်ချက်ကို ရရှိခဲ့ခြင်းမရှိသေးပေ။

အီရန်၏ ကျောထောက်နောက်ခံရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း နာဆရာလာ၏ အခြေအနေနှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ခြင်းမရှိသေးပေ။

ထိုသတင်းသာ မှန်ကန်ခဲ့မည်ဆိုပါက နာဆရာလာသေဆုံးမှုသည် ဟစ်ဇ်ဘိုလာအဖွဲ့အတွက်သာ မကဘဲ ဟစ်ဇ်ဘိုလာကို ထောက်ခံသည့် အီရန်အတွက်လည်း ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။

ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်ထားသည့် ဒါဟီယာရပ်ကွက်ရှိ လူနေအဆောက်အအုံတစ်ခု၏ မြေအောက် ဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း နာဆရာလာ၊ အခြားခေါင်းဆောင်တစ်ဦးဖြစ်သူ အလီ ကာရာကီနှင့် တပ်မှူးအချို့ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

Ref:Reuters

Most Read

Most Recent