၂၀၂၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆန်စီရိုကွင်းတွင် ကျင်းပတော့မည်မဟုတ်

၂၀၂၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆန်စီရိုကွင်းတွင် ကျင်းပတော့မည်မဟုတ်
Photo: Italian Football TV
Photo: Italian Football TV
Published 26 September 2024

၂၀၂၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလစီစဉ်ထားသည့် ဆန်စီရိုကွင်းတွင် ကျင်းပတော့မည်မဟုတ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အတည်ပြုကြေညာခဲ့သည်။

မီလန်အာဏာပိုင်များသည် ဆန်စီရိုကွင်းအား ပြန်လည်တည်ဆောက်မည့်အစီအစဉ်သည် ယင်းဗိုလ်လုပွဲအား အဟန့်အတားမဖြစ်စေရန် အာမခံချက်မပေးနိုင်သောကြောင့် UEFA က ပြိုင်ပွဲကျင်းပခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်အင်္ဂါနေ့က ပြုလုပ်ခဲ့သော UEFA အမှုဆောင်ကော်မတီအစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

UEFA သည် အစားထိုးကျင်းပမည့်ကွင်းအတွက် လျှောက်ထားမှုကို လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၅ မေလ သို့မဟုတ် ဇွန်လတွင် အိမ်ရှင်ကွင်းသစ်ကို ကြေညာမည်ဖြစ်ကြောင်း သိရသည်။

အေစီမီလန်နှင့် အင်တာမီလန်အသင်းသည် ဆန်စီရို ဧရိယာတစ်ဝိုက်တွင် ကွင်းသစ်ဆောက်ရန် စဉ်းစားလျက်ရှိသည်။

Most Read

Most Recent