တောင်ကိုရီးယားနိုင်ငံသားတစ်ဦးက ၄င်း၏ချစ်သူကိုသတ်ကာ အလောင်းဖျောက်ခဲ့ဟု ၁၆ နှစ်အကြာတွင် ဝန်ခံ

တောင်ကိုရီးယားနိုင်ငံသားတစ်ဦးက ၄င်း၏ချစ်သူကိုသတ်ကာ အလောင်းဖျောက်ခဲ့ဟု ၁၆ နှစ်အကြာတွင် ဝန်ခံ
Published 24 September 2024

တောင်ကိုရီးယားအမျိုးသားတစ်ဦးက ငါးနှစ်ကြာအတူနေထိုင်ခဲ့သည့် ၄င်း၏ချစ်သူမိန်းကလေးကိုသတ်ပြီး အလောင်းကို အင်္ဂတေဖြင့်ဖုံးကာအလောင်းဖျောက်ပစ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။

အဆိုပါမိန်းကလေး လူပျောက်တိုင်ခံရပြီး ၁၆ နှစ်ကြာတွင် ဝန်ခံခဲ့ခြင်းဖြစ်သည်။ အသက် ၅၀ ကျော်အရွယ်ရှိ၎င်းအမျိုးသားက နိုင်ငံတောင်ပိုင်း Geoje မြို့ရှိ၎င်း၏တိုက်ခန်းတွင် ချစ်သူနှင့်စကားများပြီး မိန်းကလေးကို  မချွန်ထက်သည့်အရာနှင့် ထိုးသတ်လိုက်ကာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး  ဝရန်တာတွင် အင်္ဂတေဖြင့်ဖုံးပြီး အလောင်းဖျောက်လိုက်သည်ဟု ရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့သည်။

ထိုနေရာတွင်အလောင်းရှိနေသည်ကို မည်သူမျှမသိခဲ့ဘဲ ပြီးခဲ့သည့်လက အိမ်ပြုပြင်ရေးဝန်ထမ်းတစ်ဦး လွန်ဖြင့်ဖောက်လိုက်တော့မှ အလောင်းကိုတွေ့ခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာက ထုတ်ပြန်သည်။လက် ဗွေရာစစ်ဆေးမှုဖြင့် အလောင်းက လူပျောက်မိန်းကလေးဖြစ်မှန်းသေချာခဲ့သည်။တရားခံအမျိုးသားက အလောင်းကိုတွေ့ချိန် အဆိုပါတိုက်ခန်း၌နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

သို့သော် အဆိုပါအမျိုးသားကို အလျှင်အမြန်ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်။၎င်း၏ထွက်ဆိုချက်အရ ၂၀၀၈ ခုနှစ်၊အောက်တိုဘာတွင် တိုက်ခန်း၌ချစ်သူနှင့်စကားမများမီ ၎င်းတို့ငါးနှစ်ကြာအတူနေခဲ့ကြသည်။ ထို တိုက်ခန်းတွင် ၎င်းကရှစ်နှစ်ကြာဆက်နေခဲ့သည်။                                             

ၽRef: BBC

Most Read

Most Recent