ဒီရော့ဆီနှင့်ပတ်သက်၍ ပရိသတ်များ၏စွပ်စွဲမှုအပေါ် အယ်လ်ရှာရာဝီဒေါသထွက်ခဲ့ပြီး ကစားသမားများအနေဖြင့် ရလဒ်ကောင်းမွန်ရန်သာ ပစ်မှတ်ထားသည်ဟု တုံ့ပြန်

ဒီရော့ဆီနှင့်ပတ်သက်၍ ပရိသတ်များ၏စွပ်စွဲမှုအပေါ် အယ်လ်ရှာရာဝီဒေါသထွက်ခဲ့ပြီး ကစားသမားများအနေဖြင့် ရလဒ်ကောင်းမွန်ရန်သာ ပစ်မှတ်ထားသည်ဟု တုံ့ပြန်
Photo: AS Roma images
Photo: AS Roma images
Published 23 September 2024

ရိုးမားအသင်း၏ အီတလီဝါရင့်တိုက်စစ်မှူး အယ်လ်ရှာရာဝီ (၃၁ နှစ်)က အသင်းမှထုတ်ပယ်ခံခဲ့ရသည့် နည်းပြဟောင်း ဒီရော့ဆီနှင့်ပတ်သက်၍ ပရိသတ်များ၏ စွပ်စွဲမှုများအပေါ် တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။

ရိုးမားအသင်းသည် ယခုရာသီအစ ရလဒ်ဆိုးများကြောင့် အသင်းနည်းပြ ဒီရော့ဆီအား ပြီးခဲ့သည့် စက်တင်ဘာ (၁၈)ရက်နေ့က ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ခရိုအေးရှားလူမျိုးနည်းပြ အီဗန်ဂျူရစ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်။

ရိုးမားအသင်းသည် နည်းပြဟောင်း ဒီရော့ဆီလက်ထက်တွင် ရာသီအဖွင့် စီးရီးအေ (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သော်လည်း ဒီရော့အား ထုတ်ပယ်ပြီးနောက် ဂျူရစ်လက်ထက် ပထမဆုံးကစားသည့် စီးရီးအေပွဲစဉ်တွင်မူ အူဒီးနီးစ်အသင်းအား (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ပရိသတ်များက ကစားသမားများအနေဖြင့် နည်းပြဟောင်းဖြစ်သူ ဒီရော့ဆီအပေါ် လေးစားမှုမရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့ပြီး လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒီရော့ဆီသည် ရိုးမားအသင်းနှင့် ပရိသတ်အချစ်တော် ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ခဲ့သလို၊ နည်းပြအဖြစ် တာဝန်ယူချိန်၌လည်း ပရိသတ်များ၏ အားပေးထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။

ယခုကဲ့သို့ ပရိသတ်များ၏ ဝေဖန်မှုအပေါ် အယ်လ်ရှာရာဝီက ''ကျွန်တော်တို့အတွက် အနိုင် (၃)မှတ်ရယူဖို့ကပဲအရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာတော့ ရလဒ်တွေဆိုးရွားလေ့ရှိပြီး နည်းပြတွေအနေနဲ့ ဒီအခြေအနေကို သိရှိနားလည်ထားမှာပါ။ ကျွန်တော်တို့ကစားသမားတွေအနေနဲ့ကတော့ ရလဒ်တွေနဲ့ပတ်သက်ပြီး တခြားရည်ရွယ်ချက်မျိုး မရှိပါဘူး'' ဟု အူဒီးနီးစ်အသင်းအား အနိုင်ရခဲ့သည့် စီးရီးအေပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

Most Read

Most Recent