ကျိုက္ခမီမြို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးသူ ရေလုပ်သားခြောက်ဦး အထိ ရှိလာပြီး အခြားရေလုပ်သား ၁၅ ဦးကျော်မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရ

ကျိုက္ခမီမြို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးသူ ရေလုပ်သားခြောက်ဦး အထိ ရှိလာပြီး အခြားရေလုပ်သား ၁၅ ဦးကျော်မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရ
ငါးဖမ်းလှေတစ်စင်းပေါ်တွင် ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- U Soe Min rc)
ငါးဖမ်းလှေတစ်စင်းပေါ်တွင် ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- U Soe Min rc)
Published 17 September 2024

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးသူ ရေလုပ်သားခြောက်ဦးအထိရှိလာပြီး အခြားရေလုပ်သား ၁၅ ဦး ကျော်မှာ ဆေးရုံတွင်ဆေးကုသမှုခံယူနေရ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်နီး စပ်သူများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ် အတွင်းက ကျိုက္ခမီ ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်များပေါ်၌ ဝမ်းပျက်ဝမ်းလျှော ရောဂါများ စတင်ဖြစ်ပွားခဲ့ ရာမှ စက်တင်ဘာ ၁၀ ရက်တွင် ငါးဖမ်းလှေ လေးစင်းမှ ရေလုပ်သားတစ်ဦးစီ သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ရေလုပ်သားနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

၎င်းက ဆက်လက်ပြီး “ကျိုက္ခမီဆေးရုံ မှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ ရေလုပ်သား ၁၅  ဦးကျော်ရှိနေပါတယ်။ အဲဒီအပြင်ကို ရေလုပ် သား ၈၀ ကျော်ကိုလည်း စောင့်ကြည့်မှုတွေ လုပ်ဆောင်ထားပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည့်လူနာတချို့ ဆေးကုသမှုခံယူနေ ကြရကြောင်းလည်း ၎င်းက ဆိုသည်။

ကျိုက္ခမီမြို့ပေါ်မှာရှိ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များအားလုံးကိုလည်း စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ ၁၀ ရက်တိတိ ပိတ်ထားရန် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန် ကြားထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ကျိုက္ခမီမြို့နှင့် ကျိုက္ခမီမြို့ အနီးဝန်းကျင်ရှိကျေးရွာများအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် ပတ်သက်ပြီး အသိပညာ ပေးခြင်းလုပ်ငန်းများအား မြို့နယ်ကျန်းမာ ရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း တို့ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် ငါး ဖမ်းစက်လှေများအပြင် ပင်လယ်ပြင်မှ ပြန်လည် ဝင်ရောက်လာသည့် ငါးဖမ်းစက်လှေများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ရပ်ကွက်များအား ဆေးဖျန်းခြင်း၊ ရေတွင်းရေ ကန်များအား ကလိုရင်းဆေးများခပ်ခြင်း စသည့် လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ကျိုက္ခမီပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေ များ၊ ကျားဖောင်များသို့ ပို့ဆောင်ပေးနေသည့် ကဲ့လှေများဖြင့် တင်ဆောင်သွားသော သောက် ရေနှင့် ရေခဲများ မသန့်ရှင်းရာမှ ဝမ်းပျက်ဝမ်း လျှောရောဂါကူးစက်ဖြစ်ပွားမှု ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ကျန်းမာရေးဌာနမှတာဝန်ရှိသူ များက သုံးသပ်ထားသည်။

ဘိုဘိုမြင့်

Most Read

Most Recent