ပြည်ပ ကြားဝင်စွက်ဖက်မှုကြောင့် ရုရှားအစိုးရ သတင်းဌာနများကို META က ပိတ်ပင်

ပြည်ပ ကြားဝင်စွက်ဖက်မှုကြောင့် ရုရှားအစိုးရ သတင်းဌာနများကို META က ပိတ်ပင်
Published 17 September 2024

မိိမိတို့သည် ရုရှားအစိုးရပိုင်သတင်းဌာန များကို ကမ္ဘာတစ်ဝန်းရှိ မိမိတို့၏ Meta မှ ပိတ်ပင်လိုက်သည်ဟု စက်တင်ဘာ ၁၆ ရက် တွင် META က ထုတ်ပြန်ခဲ့သည်။ ပြည်ပ ဝင်ရောက် စွက်ဖက်မှုများကြောင့် ယင်းသို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု META က ဖော်ပြ ခဲ့သည်။

Tiktok ၊ အင်စတာဂရမ်၊ X ၊ Youtube တို့အပါအဝင် ဆိုရှယ်မီဒီယာချယ်နယ်များတွင် သြဇာလွှမ်းမိုးရေး စစ်ဆင်မှုကို လုပ်ဆောင်ရန်အတွက် ခိုးကြောင် ခိုးဝှက် ငွေကြေးထောက်ပ့ံရန် ဟန်ပြကုမ္ပဏီများမှ တစ်ဆင့် ရုရှားအစိုးရမီဒီယာ RT နှင့် ၎င်း၏ ဝန်ထမ်းများကို အမေရိကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့ခဲ့သည်ဟု အမေရိကန်အစိုးရ စွပ်စွဲခဲ့ပြီးနောက် META ၏ပိတ်ပင်မှုဖြစ် ပေါ်လာခြင်းဖြစ်ကြောင်း ချိပ်ပိတ်ထားခြင်း မရှိသော စွဲချက်အရ သိရသည်။

“ဂရုတစိုက် စဉ်းစားသုံးသပ်ခဲ့ပြီးတဲ့နောက် ရုရှားအစိုးရပိုင် သတင်းဌာနတွေကို ပိတ်ပင်တာကို လုပ် ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု အေအက်ဖ်ပီ သတင်းဌာန၏ဆက်သွယ်မေးမြန်းမှုကို META က ဖြေကြားခဲ့သည်။

“ ပြည်ပ ကြားဝင် စွက်မှုရေး လှုပ်ရှားမှုကြောင့် Rossiya segodnya ၊ အခြား ဆက်စပ်နေတဲ့ သတင်းဌာနတွေကို ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ apps တွေကနေ အခု ပိတ်ပင်လိုက် ပြီဖြစ်ပါတယ်” ဟု META ကဖြေကြားခဲ့သည်။ facebook ၊ အင်စတာဂရမ်၊ whats aps နှင့် threads တို့တွင် ပိတ်ပင်လိုက်ခြင်းဖြစ် သည်ဟု ဆိုသည်။                        

Ref: AFP

Most Read

Most Recent