■ ဟာလန်းက ကမ္ဘာ့အဆင့် ဟုတ်ရဲ့လား 

■ ဟာလန်းက ကမ္ဘာ့အဆင့် ဟုတ်ရဲ့လား 
Photo: Reuters
Photo: Reuters
Published 14 September 2024
AK

ဂွါဒီယိုလာက သူ့ကို လေးစားမှုရှိတယ်ဆိုတာ ဟာလန်း သိထားပါတယ်။ (၁၈) ကိုက်စည်းထဲ မွန်းစတားတစ်ကောင်ဆိုပြီး ဟာလန်းကို ဂွါဒီယိုလာ တင်စားထားတာ မဟုတ်လား။ (၁၈) ကိုက်စည်းထဲမှာ ဟာလန်းထက် ကောင်းတဲ့ကစားသမား မရှိဘူးလို့လည်း ဂွါဒီယိုလာ ယုံကြည်ထားတယ်။ ရွိုင်ကင်း ဝေဖန်သလိုမျိုး ဟာလန်းက ဂိုးသွင်းတာကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ League Two ကစားသမား အဆင့်ပဲရှိတယ်ဆိုလည်း ဂွါဒီယိုလာ ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဂိုးဧရိယာအပြင်ဘက်မှာ ဟာလန်း ကမ္ဘာ့အဆင့်မဟုတ်လည်း ပြဿနာမဟုတ်ပါဘူး။ ချယ်လ်ဆီးနဲ့ လက်ရှိရာသီအစ ပွဲစဉ် (၁) မှာ ဟာလန်းရဲ့ ဘောလုံးပေးပို့မှုက သုံးကြိမ်ပဲ ရှိခဲ့တယ်။ အံ့အားသင့်စရာ ကိန်းဂဏန်းပါ၊ မယုံနိုင်စရာ ကိန်းဂဏန်းပဲ။ ဘောလုံးပေးပို့မှု မရှိသလောက်နည်းပေမဲ့ ဟာလန်းက ခပ်မိုက်မိုက်ဂိုးတစ်ဂိုး သွင်းပြနိုင်ခဲ့တယ်။

 

Most Read

Most Recent