■ စီးရီးအေပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက် 
Photos: X
Photos: X
Published 14 September 2024

ကိုမို - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၇:၃၀ နာရီ)

(၂)သင်းစလုံးနိုင်ပွဲပျောက်ဆုံးနေပြီး ကိုမိုက ဒီရာသီ သူတို့ရဲ့ စီးရီးအေပထမဆုံးအိမ်ကွင်းပွဲကို စကစားရမယ်။ ဘိုလော့ဂ်နာက ပြီးခဲ့တဲ့ ရာသီကပုံစံမျိုးမရှိသေးဘူး။ ကိုမိုကို ရွေးချယ်ချင်ပါတယ်။



အမ်ပိုလီ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၀:၃၀ နာရီ)

အမ်ပိုလီက အသင်းကောင်းတစ်သင်းဖြစ်ပြီး လက်ရှိချိန်အထိ ရှုံးပွဲမရှိသေးဘူး။ ရိုးမား၊ ဘိုလော့ဂ်နာတို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ပေမဲ့ အဲဒီ(၂)ပွဲမှာ (၄)မှတ်အထိ ရယူနိုင်ခဲ့တယ်။ ဂျူဗင်တပ်စ်ကလည်း ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာတဲ့အသင်းပါ။ နည်းပြသစ် မော့တာလက်ထဲက ဂျူ ဗင်တပ်စ်အသင်းကို အသွင်တစ်မျိုးနဲ့ မြင်နေရပြီး လက်ရှိချိန်အထိလည်း ပေးဂိုးမရှိသေးဘူး။ အဝေးကွင်းဖြစ်ပေမဲ့ ဂျူဗင်တပ်စ်အနိုင်ရဖို့များပါတယ်။ (၂)သင်းပေါင်းသွင်းဂိုး နည်းနိုင်တယ်။



အေစီမီလန် - ဗင်နီဇီယာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁:၁၅ နာရီ)

အေစီမီလန်က စီးရီးအေ (၃)ပွဲကစားပြီးချိန်မှာ တစ်ပွဲ (၂)ဂိုးနှုန်းပေးထားရတယ်။ ခံစစ်က လျော့တိလျော့ရဲနိုင်နေပြီး နည်းပြ ဖွန်ဆီကာအနေနဲ့ ပြုပြင်ဖို့ လိုအပ်နေပါပြီ။ ဗင်နီဇီယာက တိုက်စစ်အားနည်းတဲ့အသင်းဖြစ်ပြီး စီးရီးအေနောက်ဆုံး (၂)ပွဲဆက် ဂိုးပေါက်ပျောက်ထားတယ်။ ဒါ့အပြင် အဝေးကွင်း ဆိုရင် ဗင်နီဇီယာအသင်း သိသိသာသာကျဆင်းသွားတတ်ပါတယ်။ အေစီမီလန် နိုင်ပွဲစယူလိမ့်မယ်။

Most Read

Most Recent