ရေဘေးသင့်‌ဒေသများလှူဒါန်းရန် မန္တလေးတွင် အဆိုတော်ချယ်ရီသင်းမှ အနုပညာနှင့် ဖျော်‌ဖြေကာ အလှူခံ

ရေဘေးသင့်‌ဒေသများလှူဒါန်းရန် မန္တလေးတွင် အဆိုတော်ချယ်ရီသင်းမှ အနုပညာနှင့် ဖျော်‌ဖြေကာ အလှူခံ
Published 13 September 2024

ရေဘေးသင့်‌ဒေသများလှူဒါန်းရန် မန္တလေးတွင် အဆိုတော်ချယ်ရီသင်းမှ အနုပညာနှင့် ဖျော်‌ဖြေကာ အလှူခံမှုပြုလုပ်ခဲ့သည်။

အဆိုတော်ချယ်ရီသင်းနှင့်အတူ fire cracker music band နှင့် မန္တလေးဂီတမောင်နှမများ၊ မန္တ‌လေးမြို့ရှိ အနုပညာရှင်များ၊ TikTok cele များပူး‌ပေါင်းကာ မန္တလေးတက္ကသိုလ်အနီးရှိ အညာသူ ကဖေးတွင် သီဆိုဖျော်ဖြေအလှူခံမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ချယ်တို့ဒီမှာ မနက် ၉ နာရီကနစပြီး ဖျော်‌ဖြေအလှူခံမှုတွေ ပြုလုပ်‌နေတယ်။ လမ်းသွားလမ်းလာ အများပြည်သူအလှူငွေက အခုနေ့လည်ပိုင်းအထိ သိန်း ၃၀ ကျော်ရပါပြီ။ k pay တို့၊ သီခြားနာမည်စာရင်းနဲ့တကွ လှူဒါန်းထားတာတွေလည်းရှိပါတယ် အကုန်လုံးကိုတော့ စာရင်းမပေါင်းရသေးပါဘူး။ လုပ်ဖြစ်သွားတာက ရေကြီးတဲ့ဒေသတွေက အခြေအနေတွေကို အွန်လိုင်းမှာ တွေ့ပြီး ချယ်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီတာတဲ့သဘောပါ။ မန္တလေးမှာလုပ်ဖြစ်တာက ချယ်က လတ်တလော မန္တလေးမှာရှိ‌နေတာအတွက်ကြောင့်ပါ။ "ဟု အဆိုတော် ချယ်ရီသင်းက ပြောကြားသည်။

ရေဘေးအတွက်အလှူခံခြင်းကို နှစ်ရက်တိုင်ပြုလုပ်မည် ဖြစ်ပြီးစက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်းမနက်၉ နာရီမှ ညနေ  ၄ နာရီအထိ  ယင်းဆိုင်၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။

Most Read

Most Recent