လေဗာကူဆင် တည်ဆောက်နေတဲ့ ဘောလုံးအင်ပါယာ

လေဗာကူဆင် တည်ဆောက်နေတဲ့ ဘောလုံးအင်ပါယာ
Photo : X
Photo : X
Published 13 September 2024
Taw Linn

လေဗာကူဆင်အသင်း ဘာတွေအောင်မြင်ဖို့ ကျန်သေးလဲ။ ဒီမေးခွန်းအတွက် လေဗာကူဆင်အားကစားဒါရိုက်တာ ရိုလ်ဖက်စ်ရဲ့ အဖြေက အံ့သြစရာပါ။ သူက ဆုဖလားအောင်မြင်မှုအကြောင်း မပြောဘဲ အကယ်ဒမီကိုတိုးတက်အောင် လုပ်ဖို့ လို့ ပြန်ဖြေတယ်။ "ကျွန်တော်တို့အသင်းမှာ အကယ်ဒမီကလာတဲ့ ကစားသမား (၂) ယောက်ပဲ ရှိသေးတယ်"လို့ ရိုလ်ဖက်စ်က ပြောတယ်။ တစ်ယောက်က ဖလော်ရီယန်ဗက်ဇ်ဖြစ်ပြီး နောက်တစ်ယောက်က ဒုတိယဂိုးသမား နစ်ကလပ်လွန်ပါ။ "ကျွန်တော်တို့အနေနဲ့ အခုအနေအထားကို ဆက်ထိန်းပြီး အကယ်ဒမီကစားသမား (၇)၊ (၈)ယောက် အသင်းမှာရှိနေမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ အကယ်ဒမီက ကျွန်တော်တို့ အသင်းရဲ့ Identity နဲ့ တိုးတက်မှုကို ပေးမှာပါ။ ဒါက ရေရှည်စီမံကိန်းပါ"လို့ ရိုလ်ဖက်စ်က ပြောပြတယ်။

 

Most Read

Most Recent