ဆော်ဒီမှ မက်မောဖွယ်ကမ်းလှမ်းမှုကို ရာဖင်ညာ ငြင်းပယ်ခဲ့

ဆော်ဒီမှ မက်မောဖွယ်ကမ်းလှမ်းမှုကို ရာဖင်ညာ ငြင်းပယ်ခဲ့
Photo: Barca Universal
Photo: Barca Universal
Published 12 September 2024

ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာက ဆော်ဒီမှ မက်မောဖွယ်ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် ဘရာဇီးလ်တိုက်စစ်ကစားသမား ရာဖင်ညာ (၂၇ နှစ်)အား ပြောင်းရွှေ့ကြေး ယူရို သန်း (၁၀၀) အပြင် တစ်နှစ်လစာ ယူ ရို (၂၅)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ရာဖင်ညာအား ယူရိုသန်း (၁၀၀)ဖြင့် ရောင်းထုတ်ရန် သဘောတူညီခဲ့သော်လည်း ကစားသမားဘက်က အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

အယ်လ်ဟီလာအသင်းသည် ရာဖင်ညာအား (၄)နှစ်စာချုပ်အတွက် လစာငွေ ယူရိုသန်း (၁၀၀) ဖြင့် ကမ်းလှမ်းခဲ့ကြောင်းလည်း သိရှိရသည်။

သို့သော် ရာဖင်ညာသည် ဘာစီလိုနာအသင်းတွင် ဆက်ကစားလိုသည့်အတွက် အဆိုပါကမ်းလှမ်းမှုကို ပယ်ချခြင်းဖြစ်သည်။

၎င်းသည် ယခုရာသီ လာလီဂါ (၄) ပွဲတွင် (၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားသည်။

Most Read

Most Recent