စားအုန်းဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေးခြင်းကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယခုလအတွင်း ပြီးစီးအောင် ပြုလုပ်နေပြီး တနိုင်ငံလုံးတွင်လည်း ဆောင်ရွက်လျက်ရှိ

စားအုန်းဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေးခြင်းကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယခုလအတွင်း ပြီးစီးအောင် ပြုလုပ်နေပြီး တနိုင်ငံလုံးတွင်လည်း ဆောင်ရွက်လျက်ရှိ
Published 7 September 2024

စားအုန်းဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေးခြင်းကို ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ်များတွင် ယခုလအတွင်းပြီးစီးအောင် ပြုလုပ်နေပြီး တနိုင်ငံလုံးတွင်လည်း ဆောင် ရွက်ရှိကြောင်း မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ ရန်ကုန်တိုင်းမှာတော့ ဒီလအတွင်းမှာ ပြီးစီးအောင် အကောင်အထည်ဖော်နေပြီ”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ ရပ်ကွက်တာဝန်ရှိသူများ၊ ဆီဖြန့်ဖြုး သည့် ကုမ္ပဏီများက ပူးပေါင်းပြီး အိမ် ထောင် စုစာရင်းရှိသူများကို စာရင်းကောက် ခံကာ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များပြု လုပ်ပေးနေခြင်းဖြစ်သည်။

“ သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ် ချုပ်ရေးအဖွဲ့တွေနဲ့ အိမ်ထောင်စုစာရင်းစာ အုပ်ရှိတဲ့မိသားစုတွေကို စာအုပ်လုပ်ပေးနေ တယ်။ ပြီးတော့ ဆီဖြန့်ဖြူးတဲ့ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီးတော့ ဆီတွေကို ရောင်းချပေးနိုင်ဖို့ လုပ်ဆောင်နေတယ်” ဟု ၎င်းင်းက ပြောကြား သည်။

စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဝယ် ယူရရှိမည့် စားအုန်းဆီ၏ စျေးနှုန်းမှာ အပတ်စဉ် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့် ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးနေသည့် စားအုန်းဆီရည်ညွှန်း စျေးအပေါ်အခြေခံ၍ အဆင့်တစ်ဆင့်လျှင် အမြတ် နှစ်ရာခိုင်နှုန်းနှင့် ကုန်ကျစရိတ် ထပ် ပေါင်းကာ ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊ စာအုပ်တွင် ရေးသားထားသည့် သတ်မှတ် ဆီအရောင်းဆိုင်တွင် ဝယ်ယူခွင့်ရရှိသည့် နေ့တွင် သွားရောက်ဝယ်ယူနိုင်ကြောင်း  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

“ တစ်လကို အိမ်ထောင်စုတစ်စု ပျမ်းမျှ နှစ်ပိဿာနဲ့ သုံးပိဿာကြားရရှိမယ်။ သတ် မှတ်ရက်ကတော့ တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ဘူး။ တချို့နေရာတွေက ဆယ်ရက် တစ်ခါ တပိသာ ဖြစ်ချင်ဖြစ်မယ်။ တချို့ နေ ရာတွေက ငါးရက် သို့မဟုတ် တပတ်တခါ  ငါးဆယ်သား ဖြစ်ချင်ဖြစ်မယ်” ဟု  အဆိုပါ တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။

ယင်းသို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ် များကို ရန်ကုန်တိုင်းဒေသကြီးသာမက နေပြည်တော်အပါအဝင် အခြားတိုင်း ဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း လုပ်ဆောင် နေကြောင်း သိရသည်။

 “ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင် ရွက်နေပါတယ်။ တခြားတိုင်းနဲ့ပြည်နယ်မှာ တော့သက်ဆိုင်ရာအစိုးရအဖွဲ့တွေရယ်။ စားသုံးဆီကုမ္ပဏီတွေရယ် ညှိနှိုင်းဆောင် ရွက်နေတယ်” ဟု ၎င်းင်းကပြောကြားသည်။

ရန်ကုန်တိုင်းရှိ အချို့သောမြို့နယ်များ တွင် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် စား အုန်းဆီများကို ဝယ်ယူနိုင်ပြီဖြစ်သည်ဟု စား အုန်းဆီ ဝယ်ယူခွင့်ရရှိသည့် စာအုပ်ဖြင့် ဆီ ဝယ်ယူခဲ့သူ ရန်ကုန်မြို့ခံအချို့က ပြောကြား သည်။

“ ပြီးခဲ့တဲ့လကုန်ပိုင်းက စာအုပ်ရတယ်။ အခုတော့ နှစ်ကြိမ်ရှိပြီ။ တကြိမ်ကို ၅၀ သား နဲ့ နှစ်ခါတော့ဝယ်ပြီးပြီ။ အမှန်က သုံးကြိမ်ရ ရမှာ။ ကြားထဲမှာ ဆီဆိုင်ကပြောတဲ့ရက်ကို သွားမဝယ်ဖြစ်လိုက်ဘူး” ဟု သာကေတမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

စားအုန်းဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ပေးရခြင်းမှာ စားအုန်းဆီများအား အ လွယ်တကူဝယ်ယူနိုင်ရန်ဖြစ်ပြီး တန်းစီဝယ် ယူရသည့်အခြေအနေများ ပျောက်ကွယ်လာ နိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ် ဦးက ပြောကြားသည်။

 “ အဓိက တန်းစီဝယ်ယူရတာတွေမရှိ နိုင်တော့ဘူး။ မိမိဝယ်ယူရမယ့် ရက်မှာ အ လွယ်တကူ ဝယ်လို့ရမယ်။ တန်းစီရတာတွေ ပျောက်သွားနိုင်တယ်” ဟု ၎င်းက သုံးသပ် သည်။

Most Read

Most Recent