လော်တာရိုမာတီနက်ဇ်နဲ့ Ballon d'Or အငွေ့အသက်

လော်တာရိုမာတီနက်ဇ်နဲ့ Ballon d'Or အငွေ့အသက်
Photos: X
Photos: X
Published 7 September 2024
Phoe Thar

၂၀၂၄ ခုနှစ် Ballon d'Or ဆုအတွက် ဆန်ခါတင် အယောက် (၃၀)ဦးစာရင်းကို ပြီးခဲ့တဲ့စက်တင်ဘာ (၅)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယူရိုချန်ပီယံ စပိန်နဲ့ ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေအများစု လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ် (၂)ခုအတွင်း မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံးမပါဝင်တဲ့ ပထမဆုံး Ballon d'Or ဆန်ခါတင်စာရင်း ဖြစ်ခဲ့တာ၊ အသက် (၁၇)နှစ်အရွယ်သာရှိသေးတဲ့ ဘာစီလိုနာနဲ့ စပိန်ကြယ်ပွင့် ယမားလ်ပါဝင်လာခဲ့တာ၊ လေဗာကူဆင်အသင်းက ကစားသမား (၃)ဦးနဲ့ အသင်းသမိုင်းတစ်လျှောက် စံချိန်တင် ပါဝင်နိုင်ခဲ့တာ အစရှိတဲ့ အကြောင်းအရာများစွာနဲ့အတူ Ballon d'Or ဆုက ဆန်ခါတင်စာရင်းမှာတင် ရင်ခုန်စရာကောင်းနေပါတယ်။ ဒီလို မတူညီတဲ့ပုံရိပ်များစွာထဲမှာ ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာဖြစ်နေတာက အင်တာမီလန်နဲ့ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ရဲ့ အလားအလာပါပဲ။ ကမ္ဘာ့အကောင်းဆုံးကြယ်ပွင့်ကစားသမားတွေ အားပြိုင်ကြမယ့် ဒီဆုပေးပွဲမှာ လော်တာရိုမာတီနက်ဇ်ရဲ့ ပုံရိပ်က မှေးမှိန်သလိုရှိနေပေမဲ့ ဆုဖလား၊ သွင်းဂိုးနဲ့ ဆုတံဆိပ်အောင်မြင်မှုတွေမှာတော့ ဘယ်ရေပန်းအစားဆုံးကစားသမားကိုမဆို ပခုံးချင်းယှဉ်နိုင်ခဲ့ပါတယ်။

 

Most Read

Most Recent