စက်တင်ဘာ ၄ တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းနှင့် ဘတ်သန်း ၈၀ ထုတ်ရောင်း

စက်တင်ဘာ ၄ တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းနှင့် ဘတ်သန်း ၈၀ ထုတ်ရောင်း
Published 5 September 2024

စက်တင်ဘာ ၄ တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းနှင့် ဘတ်သန်း ၈၀ ထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် သြဂုတ် ၁၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာ ၉ သန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ်ရောင်းခဲ့သည်။

သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉၀ နီးပါး (၈၉၉၇၅၃၅၀ ဒသမ ၇၆)ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော် (၉၉၄၇၃၉၅၈) ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း၊ သြဂုတ် ၂၆ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော်၊  သြဂုတ် ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၇၂ ကျပ်ဖြင့် ၁၆ ဒသမ ၉ သန်းထုတ် ရောင်းခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် တစ်ပတ် စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့အား ရောင်းချပေးခဲ့ကြောင်း သြဂုတ် ၉ ရက်က ထုတ်ပြန်ထားသည်။

သြဂုတ် ၂ ရက်ထုတ်ပြန်ချက်အရ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချခဲ့သည်။

Most Read

Most Recent