ဆွာရက်ဇ်ကိုက်ခဲ့တဲ့ ကျွန်တော်တို့နှလုံးသားတွေ

ဆွာရက်ဇ်ကိုက်ခဲ့တဲ့ ကျွန်တော်တို့နှလုံးသားတွေ
Photo : X
Photo : X
Published 5 September 2024
AK

၂၀၁၄ ကမ္ဘာ့ဖလားအုပ်စုပွဲမှာ ချီလီနီကို ဆွာရက်ဇ် ကိုက်ခဲ့ပါတယ်။ သူ့ရဲ့ရှေ့သွားတွေဟာ ယုန်တစ်ကောင်လိုဖြစ်နေတာလား၊ ဒါမှမဟုတ် သားရဲတစ်ကောင်လို သွေးဆာနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဆွာရက်ဇ်က ချီလီနီကို ကိုက်ခဲ့တယ်။ ချီလီနီခန္ဓာကိုယ်မှာ ဆွာရက်ဇ်ရဲ့ကိုက်ရာကြီး မကျန်ခဲ့ပါဘူး။ ဒါပေမဲ့ ဘောလုံးသမိုင်းမှာ ဆွာရက်ဇ် ကိုက်ရာကြီး ကျန်ရစ်ခဲ့တယ်။ ပရော်ဖက်ရှင်နယ်မပီသတဲ့ကောင်၊ ရန်လိုနေတဲ့ကောင်၊ ခပ်ညစ်ညစ် အရိုင်းအစိုင်းဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ ဆွာရက်ဇ်နဲ့ယှဉ်တွဲရှင်သန်ခဲ့ပါတယ်။

 

Most Read

Most Recent