■ လာပေါ်တာ၊ ဟန်ဆီဖလစ်ခ်နဲ့ မျှော်လင့်ခြင်းဘာစီလိုနာ

■ လာပေါ်တာ၊ ဟန်ဆီဖလစ်ခ်နဲ့ မျှော်လင့်ခြင်းဘာစီလိုနာ
Photo : Daily Mail
Photo : Daily Mail
Published 4 September 2024
Phoe Thar

ဗယ်လာဒိုလစ်ကို (၇-ဝ) ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် (၄) အပြီးမှာ ဘာစီလိုနာအသင်းဟာ လက်ရှိ ၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲရဲ့ ရာနှုန်းပြည့်နိုင်ပွဲရတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်ခဲ့တယ်။ ဘာစီလိုနာလို ထိပ်တန်းအသင်းကြီးအတွက် ရာသီအစမှာရာနှုန်းပြည့်နိုင်ပွဲတွေရတာက အံ့အားသင့်စရာမဟုတ်ဘူး ဆိုရင်တောင် လက်ရှိအခြေအနေလို လမ်းကြောင်းမှန်ပေါ် ပြန်လည်တက်ရောက်နိုင်ဖို့ ရုန်းကန်နေရတဲ့အချိန်မျိုးမှာတော့ ဒီနိုင်ပွဲတွေက ကြီးမားတဲ့ယုံကြည်မှုဖြစ်စေမှာပါ။ အထူးသဖြင့် နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့ လူငယ်ကစားသမားတွေကို ဗဟိုပြုစုဖွဲ့ထားတဲ့ ဘာစီလိုနာအသင်းရဲ့ အနာဂတ်ခြေလှမ်းသစ်တွေအတွက် နိုင်ပွဲတွေ၊ ဆုဖလားတွေ အရေးတကြီးလိုအပ်နေပြီး အသင်းရဲ့လက်ရှိခြေစွမ်း၊ ရလဒ်ကောင်းတွေနဲ့ ကစားသမားတွေရဲ့တစ်ဦးချင်း စွမ်းဆောင်ရည်မှတ်တမ်းတွေအရ အသွင်သစ်ဘာစီလိုနာကို မြင်တွေ့ရတော့မလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

 

Most Read

Most Recent