ဘင်္ဂလားဒေ့ရှ်တွင် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၇၀ ကျော်အထိ မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ်တွင် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၇၀ ကျော်အထိ မြင့်တက်လာ
Published 4 September 2024
Ref:Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၇၁ ဦးအထိ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ဒေသများတွင် လူပေါင်းသန်းချီပိတ်မိနေခဲ့ကာ ရေမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည့် ရောဂါများဖြစ်ပွားလာမည့်အန္တရာယ်များကို စိုးရိမ်နေရကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း မုတ်သုံမိုးများ ဆက်တိုက်ရွာသွန်းပြီး မြစ်ရေများလျံမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ကာ နေရာဒေသအများအပြားတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ငါးသန်းခန့် ရေဘေးဒုက္ခကို ခံစားခဲ့ရသည်။

လက်ရှိတွင် အိမ်ထောင်စုပေါင်း ၅၈၀၀၀၀ ကျော်သည် ရေဘေးသင့်နေသည့် ခရိုင် ၁၁ ခုတွင် ပိတ်မိနေပြီး အစားအစာ၊ သန့်ရှင်သည့် သောက်သုံးရေ၊ ဆေးဝါးနှင့် အဝတ်အစားများ အရေးပေါ်လိုအပ်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။

ဒဏ်ရာရရှိသူများကို ကြက်ခြေနီအဖွဲ့များက ကုသပေးနေပြီး စစ်တပ်၏ ကျည်း၊ရေ၊လေ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များကလည်း ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ကူညီပေးလျက်ရှိသည်။

ထို့ပြင် ရေလွှမ်းမိုးမှုများဖြစ်ပွားပြီးနောက်ပိုင်း ဝမ်းရောဂါကဲ့သို့ ရေမှတစ်ဆင့်ကူးစက်ပျံ့နှံ့သည့် ရောဂါများကို တားဆီးရန်နှင့် သန့်ရှင်းသည့် သောက်သုံးရေရရှိရေးအတွက် အာရုံစိုက်လုပ်ဆောင်နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

Most Read

Most Recent