ရာသီကုန်၌ ဆုဖလားယူနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အူဂါတေ ကစားနိုင်ရန် အချိန်ယူရမည်ဖြစ်ပြီး မိမိမှာ ဟယ်ရီပေါ်တာနှင့်မတူကြောင်း အဲရစ်တန်ဟက်ဂ် ဆို

ရာသီကုန်၌ ဆုဖလားယူနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အူဂါတေ ကစားနိုင်ရန် အချိန်ယူရမည်ဖြစ်ပြီး မိမိမှာ ဟယ်ရီပေါ်တာနှင့်မတူကြောင်း အဲရစ်တန်ဟက်ဂ် ဆို
Photos: Getty Images
Photos: Getty Images
Published 4 September 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က မန်ယူအသင်းအနေဖြင့် ရာသီကုန်တွင် ဆုဖလားထပ်မံရယူရန် အခွင့်အရေး ကြီးကြီးမားမားရှိသည်ဟု ယုံကြည်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

တန်ဟက်ဂ်က "အခုမှ ရာသီအစ သုံးပွဲပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က အသင်းသစ်တစ်ခုကို တည်ဆောက်နေတာပါ။ အဲဒါကို ကျွန်တော် အကြိမ်ကြိမ် ရှင်းပြပြီးပါပြီ။ ကျွန်တော်တို့ တည်ဆောက်ရပါမယ်။ ကျွန်တော်တို့မှာ ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အသင်းတည်ဆောက်ဖို့ ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့ အဆင်ပြေပါလိမ့်မယ်။ ကျွန်တော်တို့ တိုးတက်လာမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ရာသီကုန်ချိန်မှာ နောက်ထပ်ဆုဖလား ကိုင်မြှောက်ဖို့ အခွင့်အရေး ကြီးကြီးမားမားရှိမယ်လို့ ကျွန် တော် ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ခေါ်ယူ ထားသည့် ဥရုဂွေးခံစစ်အတွင်းလူ မန်နူရယ်အူဂါတေ မပါ ဝင်နိုင်သေးခြင်းနှင့်ပတ်သက်၍ တန်ဟက်ဂ်က "ဒါက နောက်ထပ်အခြေအနေတစ်ခုပါ။ အသင်းထဲမှာ သူပါဝင်အောင် ကျွန်တော်တို့ တည်ဆောက်ရပါမယ်။ အဲဒါက အချိန်ယူရမှာပါ။ ကျွန်တော်က ဟယ်ရီပေါ်တာနဲ့ မတူပါဘူး။ အဲဒါကို ခင်ဗျားတို့ လက်ခံရလိမ့်မယ်။ မန်နူရယ်အူဂါတေ က တစ်မိနစ်တောင် မကစားရသေးဘူး။ သူက ကြံ့ခိုင်မှု တည်ဆောက်ဖို့ လိုပါတယ်။ ပြီးသွားရင် သူ့ကို အသင်းထဲ ရောက်လာအောင် တည်ဆောက်ရပါမယ်။ သူက ကျွန်တော်တို့အသင်းကို ကူညီပေးနိုင်မယ်ဆိုတာ သေချာပါတယ်။ အဲဒါက နှစ်ပတ်လောက် အချိန်ယူရနိုင်တယ်။ တစ်လလောက်ကြာတာလည်း ဖြစ်နိုင်တယ်။ ဒါက ကစားသမားအတော်များများအတွက် အတူတူပါပဲ" ဟု ဆက်လက်ပြောကြားခဲ့သည်။

လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ပွဲ၌ ဒီယက်ဇ်၏ သွင်းဂိုးနှစ်ဂိုးစလုံးတွင် အမှားကျူးလွန်ခဲ့သဖြင့် ပထမပိုင်းအပြီးမှာပင် လူစားလဲခံရသည့် ကက်စီမီရိုမှာ ကွင်းအတွင်းမှ စောစီးစွာထွက်ခွာသွားကြောင်း ဗီဒီယိုဖိုင်များ ထွက်ပေါ်နေခြင်းအတွက် တန်ဟက်ဂ်က "ပထမပိုင်းအပြီးမှာ ကွင်းထဲကနေ သူ မထွက်သွားပါဘူး။ ပွဲပြီးသွားတော့ အဝတ်လဲခန်းထဲမှာ ကျွန်တော် သူနဲ့တွေ့ ခဲ့ပါတယ်။ လီဗာပူးလ်လို ပြိုင်ဘက်ကို (၂-၀) နဲ့ ရှုံးနေလို့ ကျွန်တော် သူ့ကို လူစားလဲလိုက်တာပါ။ ကျွန်တော်တို့ စွန့်စားမှုတွေလုပ်ဖို့ လိုပါတယ်"ဟု ကာကွယ်ပြောကြားခဲ့သည်။

Most Read

Most Recent