ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ်မှ ရပ်စဲရန် အလန်ပါဂျူး တိုက်တွန်း

ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ်မှ ရပ်စဲရန် အလန်ပါဂျူး တိုက်တွန်း
Photos: Getty Images
Photos: Getty Images
Published 4 September 2024

 

ပရီးမီးယားလိဂ်ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသည့် နည်းပြဟောင်း အလန်ပါဂျူးက မန်ယူအသင်းအနေဖြင့် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ်မှ ရပ်စဲရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

အလန်ပါဂျူးက ဘရူနိုဖာနန်ဒက်စ်သည် နည်းစနစ်ပိုင်းကို အားပြုသည့်ကစားသမားဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရန် သင့်တော်သည့်အနေအထားမရှိဟု ထောက်ပြခဲ့သည်။ 

"ဘရူနိုဖာနန်ဒက်စ်ကို တခြားကစားသမားတွေအတွက် စိုးရိမ်ပူပန်နေစရာမလိုဘဲ လွတ်လွတ်လပ်လပ်ကစားစေတာက ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ သူက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖို့ သင့်တော်တဲ့သူမဟုတ်ပါဘူး"ဟု အလန်ပါဂျူးက ပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၄ ပွဲ ပါဝင်ကစားထားခဲ့ပြီး ရာသီမစခင်က အသင်းပြောင်းရွှေ့မည်ဟု သတင်းကြီးခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။

Most Read

Most Recent