■ လာအိုမှ တာချီလိတ်သို့ မောင်းနှင် လာသည့် စက်လှေ မဲခေါင်မြစ် အတွင်း နစ်မြုပ်ရာ မြန်မာနိုင်ငံသား ၂၀ ဦး ပျောက်ဆုံး

■ လာအိုမှ တာချီလိတ်သို့ မောင်းနှင် လာသည့် စက်လှေ မဲခေါင်မြစ် အတွင်း နစ်မြုပ်ရာ မြန်မာနိုင်ငံသား ၂၀ ဦး ပျောက်ဆုံး
Published 3 September 2024

လာအိုမှ တာချီလိတ်သို့ မောင်းနှင် လာသည့်စက်လှေ မှာ မဲခေါင်မြစ်အတွင်း နစ်မြုပ်ရာ မြန်မာနိုင်ငံသား ၂၀ ဦး ပျောက်ဆုံးနေသည်ဟု Thai PBS တွင် သတင်းဖော်ပြထားသည်။

အဆိုပါစက်လှေမှာ ခရီးသည် ၄၀ ကျော်တင်ဆောင်လာပြီး စက်တင်ဘာ ၂ ရက် ညနေပိုင်းက နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

စက်လှေနစ်မြုပ်မှုတွင် ခရီးသည် ၂၀ ကို ဘေးလွတ်ရာသို့ အခြား ရေယာဉ်များက ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ရှိသည့် ခရီးသည်များကို ကယ်ဆယ်နိုင်ခြင်းမရှိကြောင်း၊ ခရီးသည်များကို ညပိုင်းအထိ ဆက်လက်ရှာဖွေခဲ့သည်ဟု သတင်းတွင် ဖော်ပြထား သည်။

အဆိုပါစက်လှေမှာ လာအိုနိုင်ငံမှ မြန်မာနိုင်ငံသားများကို တင်ဆောင်ကာ ထိုင်းနိုင်ငံချင်းရိုင်ခရိုင်ကို ဖြတ်သန်းကာ တာချီလိတ်သို့ လာရောက်ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ များကို ကိုးကားပြီး သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

စက်လှေနစ်မြုပ်ရသည့်အကြောင်းရင်းမှာ မြစ်ရေတက်ပြီး ရေစီးကြမ်းနေသည့်အချိန်တွင် စက်လှေမှာ မြစ်အတွင်းသွားလာစဉ် ရုတ်တရက်ရပ်တန့်သွားပြီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

Most Read

Most Recent