ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက် ၈၅ ရက်အတွင်း မြန်မာလုပ်သား ၁၇၇၈၀၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက် ၈၅ ရက်အတွင်း မြန်မာလုပ်သား ၁၇၇၈၀၄ ဦး ဖမ်းဆီးခံရ
Published 1 September 2024

ထိုင်းနိုင်ငံအတွင်း  တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက် ၈၅ ရက် အတွင်း မြန်မာလုပ်သား ၁၇၇၈၀၄ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် လုပ်သား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အဖြစ် ဇွန် ၅ ရက်မှ သြဂုတ် ၂၈ ရက်အထိ  ၈၅ ရက်အ တွင်း အလုပ်ရုံ၊ စက်ရုံ  လုပ်ငန်းနေရာပေါင်း ၁၆၇၇၆ နေရာသို့ အလုပ်သမားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများက ပူးပေါင်းပြီး စစ်ဆေး ဖမ်းဆီးခဲ့ရာ တရားမဝင်  အလုပ်သမားပေါင်း  ၂၃၂၉၀၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအလုပ် သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။

နိုင်ငံအလိုက် တရားမဝင် လုပ်သားဖမ်း ဆီးရရှိမှုတွင်  မြန်မာနိုင်ငံသား  ၁၇၇၈၀၄ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား  ၃၄၆၂၀ ဦး၊ လာအို နိုင်ငံသား  ၁၃၄၈၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၄၅ ဦးနှင့် အခြားနိုင်ငံသား ၆၈၅၅ ဦး စစ် ဆေးတွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သက်ဆိုင်ရာက တရားမဝင် အလုပ်သမားဖမ်းဆီးစစ်ဆေးရာတွင် အလုပ် ဌာန ၅၉၁ ခုနှင့်  မြန်မာ ၉၃၃ ဦး၊ ကမ္ဘောဒီး ယား ၂၂၄ ဦး၊ လာအို ၂၀၃ ဦး၊ ဗီယက်နမ် ၂၆ ဦး၊ အခြားနိုင်ငံသား ၁၀၇ ဦး၊ စုစုပေါင်း ရွှေ့ပြောင်းလုပ်သား ၁၅၅၃ ဦးကို တရားမဝင် အလုပ်ကိုင်၊ တရားမဝင် အလုပ်သမားများအ ဖြစ် အရေးယူ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားသားအလုပ်သမားများအနက် အလုပ်လုပ်ကိုင်ခွင့် work permit မရှိသည့် အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်သည့်အလုပ်သမား ကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ အလုပ်သမားက ဒဏ်ငွေပေးဆောင်ရ မည်ဖြစ်ပြီး နေရပ်သို့ ပြန်ပို့ခံရခြင်းနှင့်အတူ  အလုပ်လုပ်ကိုင်ခွင့်နှစ်နှစ် ပိတ်ခံရမည်ဖြစ် သည်။

အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သ မားကို လက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁ဝဝဝဝဝထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အ များဆုံးတစ်နှစ်နှင့် ဘတ် ၅ဝဝဝဝမှ ၂၀၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့်သုံးနှစ် ပိတ်ခံရမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမားဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent