စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာပြီး ဓာတ်ဆီတစ်လီတာ ကျပ် သုံးထောင်ကျော်သို့ ရောက်ရှိလာကာ ဆီဆိုင်အချို့တွင် ဆီအမျိုးအစားအချို့ ရောင်းချနိုင်ခြင်းမရှိ

စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာပြီး ဓာတ်ဆီတစ်လီတာ ကျပ် သုံးထောင်ကျော်သို့ ရောက်ရှိလာကာ ဆီဆိုင်အချို့တွင် ဆီအမျိုးအစားအချို့ ရောင်းချနိုင်ခြင်းမရှိ
သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူနေသည့် မော်တော်ယာဉ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူနေသည့် မော်တော်ယာဉ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 30 August 2024

စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာပြီး ဓာတ်ဆီတစ်လီတာ ကျပ်သုံးထောင်ကျော်သို့ ရောက်ရှိလာကာ ဆီဆိုင်အချို့တွင် ဆီအမျိုးအစား အချို့ ရောင်းချနိုင်ခြင်းမရှိကြောင်း ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။

သြဂုတ် ၃၀ ရက်တွင် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းသတ်မှတ်ချက်အရ ရန်ကုန်မြို့တွင် ၉၂ တစ်လီတာ ကျပ် ၃၁၀၀၊ ၉၅ တစ်လီတာ ကျပ် ၃၂၄၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၂၉၅၊ ရိုးရိုးဒီဇယ်တစ်လီ တာ ကျပ် ၂၆၅၅ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စက်သုံးဆီစျေးနှုန်းမှာ ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၁၂၅ ကျပ်စီ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၅ ကျပ်စီမြင့်တက်လာခြင်းဖြစ်သည်။

ယခင်စျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၉၇၅၊ ၉၅ တစ်လီတာ ကျပ် ၃၁၁၅၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၂၀၀၊ ရိုးရိုး ဒီဇယ်တစ်လီတာ ကျပ် ၂၆၁၀ ဖြစ်သည်။

ယင်းသို့ စက်သုံးဆီစျေးနှုန်းများမြင့် တက်လာသော်လည်း အချို့သောစက်သုံးဆီ ဆိုင်များတွင် စက်သုံးဆီအမျိုးအစားအချို့ကို ရောင်းချနိုင်ခြင်းမရှိကြောင်း သိရသည်။

ဆီစျေးက တက်လာပေမယ့် တချို့ဆိုင်တွေမှာ ၉၂ နဲ့ ပရီမီယံဒီဇယ်ပဲရတဲ့ဆိုင်ရှိတယ်။ တချို့ဆိုင်တွေကျတော့ ၉၅ နဲ့ ရိုးရိုးဒီဇယ်ပဲရတယ်။ အများစုမရှိတာ ၉၂ နဲ့ ဒီဇယ်တမျိုးက မရှိတာများတယ်ဟု ရန်ကုန်မြို့တွင်းမော် တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းအထိ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူရသည့်အခြေအနေမရှိသေးကြောင်း အဆိုပါမော်တော် ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ဆီတန်းစီရတဲ့ ကားတန်းရှည်တွေတော့ မတွေ့သေးဘူး။ လေးငါးဆယ်စီးလောက်တော့ရှိတယ်။ အများကြီး မဟုတ်သေးပါဘူးဟု ၎င်းင်းကဆက်လက်ပြောကြားသည်။

သြဂုတ် ရက်မှ စတင်ပြီး ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များအပါအဝင် မန္တလေးအစရှိသည့် ဆိုင်များတွင် စက်သုံးဆီများကို တန်းစီဝယ်ယူခဲ့ရသည်။

ယင်းသို့တန်းစီဝယ်ယူရမှုမှာ သုံးလေးရက်ခန့်ကြာမြင့်ခဲ့ပြီး နောက်ပိုင်းတွင် စက်သုံး ဆီများပုံမှန်ပြန်လည်ရရှိခဲ့သည်။

သို့သော် သြဂုတ်လလယ်ပိုင်းတွင် စက်သုံးဆီများကို တန်းစီဝယ်ယူခဲ့ရပြီး တန်းစီခဲ့ရ သည့်မော်တော်ယာဉ်များမှာ ယခင်ထက်ပိုမို များပြားလာခဲ့သည်။

လေးငါးရက်ခန့်အကြာတွင် စက်သုံးဆီ တင်သွင်းလာသည့် သင်္ဘောများဝင်ရောက်လာမှုကြောင့် စက်သုံးဆီကိုတန်းစီဝယ်ယူရသည့် မော်တော်ယာဉ်များ မရှိတော့ပေ။

စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ် ဝင်ရောက်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စင်း အသင့်စောင့်ဆိုင်းလျက်ရှိသည့်အပြင် သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်  သင်္ဘောလေးစင်းရောက်ရှိဆိုက်ကပ်၍ ဒီဇယ်ဆီ တန် ၇၀၀၀၀ ကျော်နှင့် ဓာတ်ဆီတန် ၁၁၀၀၀ ကျော်ကို သိုလှောင်ကန်များ၌ ချယူဖြည့်တင်းလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၂၂ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent