လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 August 2024

ဝုလ်ဗ် - ဘန်လေ (ကြာသပတေးနံနက် ၁း၀၀ နာရီ)

အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတွေနဲ့ ပွဲကျပ်ဆက်တိုက် တွေ့ခဲ့လို့ ဝုလ်ဗ်အသင်း ရှုံးပွဲဆက်နေတာပါ။ လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းထားတဲ့ ဘန်လေအသင်းကိုတော့ ဝုလ်ဗ် အနိုင်ကစား လိမ့်မယ်။

ဝက်စ်ဟမ်း - ဘုန်းမောက် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဝက်စ်ဟမ်းအသင်းထက် ဘုန်းမောက်က လိဂ်ဖလားကို ပိုအာရုံစိုက်နိုင်ခြေများတယ်။ ဝက်စ်ဟမ်းအသင်းက ဒီပွဲပြီးရင် လည်း မန်စီးတီးအသင်းနဲ့ ပွဲကျပ်ကစားရဦးမယ်။ ဘုန်းမောက်ပဲ ရွေးချယ်ချင်တယ်။

ကာဒစ်ဖ် - ဆောက်သမ်တန် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဆောက်သမ်တန်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဘက် ကိုပဲ လုံးဝအာရုံနှစ်ထားဖို့ရှိတယ်။ ကာဒစ်ဖ်ကလည်း လိဂ်ချန် ပီယံရှစ်မှာ အဖွင့်မလှဖြစ်နေတဲ့အသင်းပါ။ ကာဒစ်ဖ်နဲ့ပဲ စွန့်စား တာပိုကောင်းမယ်။

နော်တင်ဟမ် - နယူးကာဆယ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

နယူးကာဆယ်အသင်းက ၂၀၂၂-၂၃ ရာသီမှာ ဗိုလ်လုပွဲ ရောက်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီမှာလည်း မန်စီးတီး၊ မန်ယူအသင်း တွေကို ကျော်ဖြတ်ပြီးမှ ချယ်လ်ဆီးကို ပယ်နယ်တီနဲ့ အရေးနိမ့် ခဲ့တာပါ။ နယူးကာဆယ်အသင်းပဲ အနိုင်ရမယ်ထင်တယ်။ 

အခြားပွဲစဉ်များ

ဆွမ်ဆီး - ဝိုင်ကမ်ဘီ (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ကိုလ်ချက်စတာ - ဘရန့်ဖို့ဒ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဝင်ဘယ်လ်ဒန် - အစ်ဝစ်ချ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

 

Most Read

Most Recent