ပုဂံဒေသရှိ ရွှေစည်းခုံစေတီတော်ရင်ပြင်တော်တွင် မိုးရွာသွန်းပြီးနောက် ရေတင်ကျန်မှုများဖြစ်ပေါ်၍ ရေဆင်းကောင်းစေရန် ပြုပြင်နေ

ပုဂံဒေသရှိ ရွှေစည်းခုံစေတီတော်ရင်ပြင်တော်တွင် မိုးရွာသွန်းပြီးနောက် ရေတင်ကျန်မှုများဖြစ်ပေါ်၍ ရေဆင်းကောင်းစေရန် ပြုပြင်နေ
Published 28 August 2024
မင်းလတ်

ပုဂံဒေသရှိ ရွှေစည်းခုံ စေတီတော်ကြီး၏ ရင်ပြင်တော်တွင် မိုးရွာသွန်း ပြီးနောက် ရေတင်ကျန်မှုများဖြစ်ပေါ်၍ ရေ ဆင်းကောင်းစေရန် လိုအပ်သည့်ပြုပြင်ထိန်း သိမ်းမှုများ ဆောင်ရွက်နေကြောင်း ရွှေစည်းခုံ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လုပ်ငန်းစဉ်နှင့်ပတ်သတ်၍ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “အခု ပြုပြင်ထိန်းသိမ်းမှုလုပ်နေ တာ ဘုရားရင်ပြင်ရဲ့ အင်္ဂါထောင့်မှာပါ။ ရုပ်စုံ ဘုရားတန်ဆောင်းရှေ့မှာပါ။ အရင်တုန်းက အဲဒီနေရာက ရေဝပ်တဲ့နေရာပါ။ အရင်တစ် ခါ မုန်တိုင်းတုန်းက ရေဝပ်ခဲ့တဲ့နေရာပါ။ ဒါကို ရေပြန်လည်စီးဆင်းလုပ်ဆောင်ဖို့ လမ်းညွှန် ချက်လုပ်တာပါ။ ဘုရားက စတည်ကတည်း က သဲကျောက်ပြားတွေနဲ့ ခင်းခဲ့တာပါ။ အခု မူလပုံစံမပျက်အောင်လုပ်ဖို့ ရှေးဟောင်းက လုပ်ဆောင်နေတာပါ။ ဘုရားရဲ့ရန်ပုံငွေနဲ့ ပြုပြင်မှုတွေ လုပ်တာပါ ဟု ပြောကြားသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အနေဖြင့် ပုဂံ ခေတ်ကတည်းကရှိခဲ့သော ရေလမ်းကြောင်း များမှာ လမ်းများဖော်ဆောင်ခြင်း၊ အဆောက် အအုံများ ဆောက်လုပ်ခြင်းစသော လုပ်ငန်း များကြောင့် ရေလမ်းကြောင်းများ ပိတ်ဆို့၍ ရေဝပ်ခြင်းများ ဖြစ်ပေါ်လာခြင်းဖြစ်သော ကြောင့် မူလရေလမ်းကြောင်းကို ဌာနအနေ ဖြင့် ပြန်လည်ဖော်ထုတ်လေ့လာခြင်းဆောင် ရွက်သည့်အပြင် ရှေးဟောင်းအဆောက်အအုံ ပရိဝုဏ်အတွင်း ရေမဝပ်စေရေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်

အခု ရွှေစည်းခုံဘုရားမှာ ပြုပြင်ထိန်း သိမ်းမှု လုပ်နေတာက ဘုရားရဲ့ရန်ပုံငွေနဲ့ပါ။ ခေတ်အဆက်ဆက် ကွန်ကရစ်တွေ လောင်း ထားတဲ့နေရာပါ။ ကျွန်တော်တို့ ရှေးသုကနေ ကွန်ကရစ်တွေ မညီမညာဆိုတော့ ပြန်ခွာသင့် တယ်။ မူလရှိတဲ့ သဲကျောက်ပြားတွေရဲ့ တန် ဖိုးပေါ်လွင်အောင်ဆိုပြီး လုပ်ဆောင်တာပါ။ ပြုပြင်ဖို့ခွင့်ပြုတဲ့အတွက် လုပ်ဆောင်တာပါ။ ဧရိယာတစ်ခု သတ်မှတ်ပြီး လုပ်ဆောင်နေ တာပါ။ ကွန်ကရစ်တွေခွာပြီး မူလသဲကျောက် ပြားတွေ စီထားတာတွေ ထွက်လာတယ်။ ကျွန် တော်တို့ ညီညာပေါ်လွင်စေရေး ပြုပြင်ထိန်း သိမ်းရန်အတွက် (၈၇x၂၆) အတွင်း တစ်မီတာ Gnd ကွက်များ pattern ပြုလုပ်ပြီး စနစ်တကျ Documentation

ပြုလုပ်ဆောင်ရွက်ခြင်း၊ သဲကျောက်ပြားများကို တိုင်းတာသုတေသန ပြုလုပ်ခြင်း၊ သဲကျောက်ပြားများရဲ့ကြားလပ် နေသောနေရာတွေမှာ အစားထိုးဖြည့်စွက် နိုင်ရေး ပုံထုတ်ရေးဆွဲခြင်း၊ ရေဆင်းကောင်း မွန်စေရေး၊ သဲကျောက်ပြားကြားတွင်ရှိသော အင်္ဂတေလွှာများကို ဖယ်ရှားပြီး level ညှိခြင်း လုပ်ငန်းနဲ့ ရွှေစည်းခုံဘုရားရှိ ကျောက်သပိတ် များရဲ့ ထုံးအင်္ဂတေ ချေးချွတ်သန့်စင်ခြင်းလုပ် ငန်းတွေကို ဆောင်ရွက်သွားမယ်။ ကျောက် ပြားတွေအထု ကျောက်ပြားတွေ အတိုင်းတွေ အနိမ့်အမြင့်တွေကြည့်ပြီး မူလပုံစံအတိုင်း ဖြစ်အောင်လုပ်ပြီး အများပြည်သူလေ့လာလို့ ရအောင်ပေါ့။ စေတီလုံးကြီးတင် သဲကျောက် တွေနဲ့ မဟုတ်ဘူး စေတီကြမ်းခင်းအစခင်းခဲ့ တာသိရအောင် မျိုးဆက်သစ်လေ့လာနိုင် အောင် အခုလုပ်နေတဲ့ဧရိယာကို ပြသထား မှာပါ။ ပြကွက်အနေနဲ့ပြထားမှာပါ ဟု ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦး စီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦး ကျော်မျိုးဝင်းက ပြောကြားသည်။

ထိုသို့ လုပ်ဆောင်နေမှုနှင့်ပတ်သက်ပြီး  လိုင်းပေါ်တွင် လူများ ပြောဆိုနေသကဲ့သို့  စကျင်ကျောက်ခင်းမည်ဆိုသည်မှာ မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စေတီရင်ပြင်အကုန်လုံးကို လုပ်နေတာ မဟုတ်ပါဘူး။ စေတီပတ်လမ်းက အစကတည်း က ခင်းထားပြီးတာပါ။ စကျင်ကျောက်ပတ် လမ်းက ခင်းထားပြီးတာပါ။ အခုဟာက ပတ် လမ်းရဲ့ စကျင်ကျောက်ပျက်နေတဲ့နေရာတ ချို့မှာ အစားထိုးခင်းတာပါ။ ဒါကအစက တည်းက ခင်းထားတာပါ။ ရှေးဟောင်းကနေ ဝင်လုပ်ပေးတာက မူလသဲကျောက်ပြားတွေ ကြမ်းခင်းတွေကို သုတေသနလုပ်နေတယ်။ စနစ်တကျဖော်ထုတ်နေပြီး ထိန်းသိမ်းမှုတွေ လုပ်နေတယ်။ အခု လောလောဆယ် သဲ ကျောက်ပြားတွေ ခွာနေတယ်။ ပြီးလုပြီးခင်ရှိ ပါပြီ။ မူလ သဲကျောက်ပြားတွေ လစ်လပ်နေ တဲ့နေရာတွေရှိတယ်။  တစ်တုံးနဲ့ တစ်တုံးကြား လစ်လပ်တာတွေ ပျောက်ဆုံးသွားတာရှိတယ်။ အဲဒီနေရာတွေကို မူလသဲကျောက် အမျိုးအ စားနဲ့တူတဲ့ သဲကျောက်တွေပြန်ရှာပြီး ပြန် ထည့်မှာပါ။ အခုဟာက ကျွန်တော်တို့ ရှေးသု တစ်ခုတည်းလုပ်နေတာမဟုတ်ပါဘူး။ ပုဂံကို ရောက်နေတဲ့ အိန္ဒိယက ဗှှု ရဲ့ အကြံဉာဏ်နဲ့ ဆောင်ရွက်နေတာပါ။ အခု လိုင်းပေါ်က လူ တွေပြောနေသလို ဒါတွေကို ဖယ်ပြီး စကျင် ကျောက်ခင်းမယ်ဆိုတာ မဟုတ်ပါဘူး  ဟု  ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆက်လက် ပြောကြားသည်။

 

Most Read

Most Recent