MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်နှင့် နယ်မြေထိစပ်နေသည့် ‘၀’ဒေသရှိ နယ်စပ်ဂိတ်အချို့ကို တရုတ်နိုင်ငံဘက်မှ ဝင်ထွက်ခွင့် ပိတ်လိုက်ကြောင်းသိရ

MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်နှင့် နယ်မြေထိစပ်နေသည့် ‘၀’ဒေသရှိ နယ်စပ်ဂိတ်အချို့ကို တရုတ်နိုင်ငံဘက်မှ ဝင်ထွက်ခွင့် ပိတ်လိုက်ကြောင်းသိရ
Published 26 August 2024

MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေ ဟော်နှင့် နယ်မြေထိစပ်နေသညအဖွဲ့ (UWSP/UWSA)ထိန်းချုပ်ထားသည့် ဒေသရှိ တရုတ်နယ်စပ်ဂိတ်အချို့အား တရုတ်နိုင်ငံဘက်မှ ယခုရက်ပိုင်းအတွင်း ပိတ်လိုက်ကြောင်း သိရသည်။

‘‘ဒေသတွင် တရုတ်နိုင်ငံသို့ ဝင်ထွက်သွားလာနိုင်သည့် မန်ခါးဂိတ်ကို တရုတ်နိုင်ငံဘက်ခြမ်းမှ သြဂုတ် ၂၄ ရက်တွင် အဝင်အထွက် ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခြေအနေနှင့် ပတ်သက်၍ ‘‘အဖွဲ့ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက’‘ အဲဒီလိုပဲ ပြောသံကြားတယ်။ အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိဘူးဟု ပြောကြားသည်။

မန်ခါးဂိတ်သည် ‘‘အဖွဲ့ အထူးဒေသမြို့ဖြစ်သည့် နမ့်တစ်မြို့နှင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ ဆက်သွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်  MNDAA အဖွဲ့ထိန်းချုပ်ထားသည့် ချင်းရွှေဟော်နှင့်‘‘ဒေသ နမ့်တစ်မြို့သည်  နယ်မြေဆက်စပ်လျက်ရှိသည်။

‘‘ဒေသအဓိက နေရာများဖြစ်သည့် ပန်ဆန်းရှိ တရုတ်နိုင်ငံအတွင်း ဝင်ထွက်ဂိတ်များအား တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်သည်ဟူ၍ ကြားသိရခြင်းမရှိဘဲ ပုံမှန်အတိုင်းဖွင့်လှစ်ထားသည့် အခြေအနေဖြစ်သည်။

ထို့ပြင် ကိုးကန့်ဒေသနှင့် ဆက်သွယ်ထားသည့် ဂိတ်တစ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဘက်ခြမ်းမှ ပိတ်လိုက်သည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိပြီး ယင်းရုပ်သံဖိုင်တွင် နယ်စပ်ဖြတ်ကျော်သည့် တံတားအနီး MNDAA အဖွဲ့၏ အလံများလွှင့်ထူထားသည်ကိုတွေ့ရကာ တရုတ်နိုင်ငံဘက်ခြမ်းမှ နယ်စပ်ဂိတ်ဝင်ပေါက်တံခါးအား အလျင်အမြန်ပိတ်နေသည်ကိုတွေ့ရပြီး ယင်း ရုပ်သံဖိုင်နှင့်တွင်ပါဝင်သည့် နယ်စပ်ဂိတ်သည် မည်သည့်ဂိတ်ဖြစ်ကြောင်းကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လားရှိုးမြို့တွင် MNDAA အဖွဲ့ကဝင်ရောက် တိုက်ခိုက်သည့်ကာလအတွင်း‘‘အဖွဲ့သည် လားရှိုးမြို့အတွင်း ရောက်ရှိလာပြီး အဆိုပါတိုက်ပွဲများအတွင်း ‘‘အဖွဲ့ပါဝင်ခြင်းရှိ မရှိ မသိရသော်လည်း လက်ရှိအချိန်ထိ ‘‘အဖွဲ့အနေဖြင့် လားရှိုးမြို့တွင်ဝင်ရောက် နေရာယူထားသည့် အခြေအနေဖြစ်သည်။

တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သြဂုတ် ၁၄ ရက်က လာရောက်ခဲ့ပြီး ယင်းခရီးစဉ်အပြီး ၁၀ ရက် ခန့်အကြာတွင်  MNDAA အဖွဲ့ထိန်းချုပ်ဒေသနှင့် ဆက်စပ်နေသည့် ‘‘ဒေသရှိ နယ်စပ်ဂိတ်အချို့အား တရုတ်ဘက်မှ ပိတ်လိုက်သည့် ဖြစ်စဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် လားရှိုးမြို့တွင် MNDAA အဖွဲ့က ဝင်ရောက်တိုက်ခိုက်သည့်ကာလအတွင်းကလည်း ကိုးကန့်ဒေသရှိ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်မှ ဝင်ထွက်ခွင့်ပိတ်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပြီး ယခုပြန်လည်ဖွင့်လှစ်ခြင်း  ရှိ မရှိ သီးခြားအတည်မပြုနိုင်သေးပေ။

 

Most Read

Most Recent