■ လက်စတာရဲ့ ဂန္ထဝင်သင်္ကေတ     

■ လက်စတာရဲ့ ဂန္ထဝင်သင်္ကေတ     
Photo: Getty Images
Photo: Getty Images
Published 23 August 2024
AK

လက်စတာ- စပါးပွဲမှာ လူအများစုက ဆိုလန်ကီကို အထူးစောင့်ကြည့်ခဲ့ကြတယ်။ ဘုန်းမောက်ကနေ ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်းနဲ့ စပါးကို ရောက်လာသူရဲ့နယ်မြေသစ်စွန့်စားခန်းဘယ်လို ဖြစ်လာမလဲဆိုတာ သိလိုစိတ်ပြင်းပြခဲ့တာပါ။ စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ခရီးကြမ်းအစမှာ ဆိုလန်ကီ ပါရမီမဖြည့်ပေးနိုင်ခဲ့ဘူး။ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားခဲ့တာ ဆိုလန်ကီ မဟုတ်ဘဲ ဗာဒီ ဖြစ်သွားခဲ့တယ်။ လွန်ခဲ့တဲ့ (၈) နှစ်က ပရီးမီးယားလိဂ်ရပ်ဝန်းမှာ အလင်းပဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့သူဟာ အရွယ်လွန်စဖြစ်နေပေမဲ့၊ အသက် ၃၇ နှစ်အရွယ်ရှိနေပေမဲ့ လက်စတာအကျိုးအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေဆဲပဲ။ ပရီးမီးယားလိဂ်နေ့စွဲတွေဟာ ချန်ပီယံဟောင်း လက်စတာအတွက် လွမ်းစရာကောင်းသလို ဂိုးသွင်းဘုရင်ဟောင်း ဗာဒီအတွက် လွမ်းစရာကောင်းခဲ့ပါတယ်။