ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း ထုတ်ရောင်းခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာ သန်း ၁၂၀ ကျော်ထုတ်ရောင်းထား

ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း ထုတ်ရောင်းခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာ သန်း ၁၂၀ ကျော်ထုတ်ရောင်းထား
Published 23 August 2024

ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်းကို သြဂုတ် ၂၂ ရက် ထုတ်ရောင်းခဲ့သည်။

သြဂုတ် ၁၉ ရက်က ဒေါ်လာ ၈၉ သန်းကျော်နှင့် သြဂုတ် ၂၂ ရက်တွင် ဒေါ်လာ ၃၁ သန်း ရောင်းချခဲ့သဖြင့် တစ်ပတ်အတွင်း ဒေါ်လာသန်း ၁၂၀ ကျော်ထုတ်ရောင်းထားခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် သြဂုတ် ၁၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာ ၉ သန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ်ရောင်းခဲ့သည်။ သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉၀ နီးပါး (၈၉၉၇၅၃၅၀ ဒသမ ၇၆) ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော် (၉၉၄၇၃၉၅၈) ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် တစ်ပတ် စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့အား ရောင်းချပေးခဲ့ကြောင်း သြဂုတ် ၉ ရက်က ထုတ်ပြန်ထားသည်။

သြဂုတ် ၂ ရက်ထုတ်ပြန်ချက်အရ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချခဲ့သည်။

Most Read

Most Recent