ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် PNA ၏ အမှတ်စဉ် (၁) စစ်သင်တန်းဆင်းပွဲကို အင်အား တစ်သောင်းခန့်ဖြင့် ပြုလုပ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် PNA ၏ အမှတ်စဉ် (၁) စစ်သင်တန်းဆင်းပွဲကို အင်အား တစ်သောင်းခန့်ဖြင့် ပြုလုပ်
Published 22 August 2024

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ၏ အမှတ်စဉ် (၁) စစ်သင်တန်းဆင်းပွဲကို အင်အားတစ်သောင်းခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ရန်အတွက် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ၏ အမှတ်စဉ် (၁) စစ်သင်တန်းဆင်းပွဲကို သြဂုတ် ၂၁ ရက်က ပြုလုပ်ခဲ့ပြီး အင်အားတစ်သောင်းခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ဦးဆောင်ပြီး နောင်တရားမြို့ ဒေသခံပြည်သူများက မိမိတို့ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် အမှတ်စဉ် (၁) ကို စစ်အင်အားတစ်သောင်းဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ဒေသခံပြည်သူများ စုပေါင်းပြီး မိမိဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စဆောင်ရွက်နိုင်ရန် အခြေခံစစ်ပညာရပ်ကို သင်ကြားလေ့လာပြီး သင်တန်းဆင်းပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) စစ်ဦးစီးချုပ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဝင်များ၊ စစ်ဒေသမှူးများနှင့် ပြည်သူလူထုများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေသ (၆) အဖြစ် အုပ်ချုပ်နေခြင်းလည်းဖြစ်သည်။

Most Read

Most Recent