ယခုတစ်ပတ် ကျင်းပမည့် ONE Friday Fight 76 ပြိုင်ပွဲတွင် သန့်ဇင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းဖိုက်တာ တိုင်စောဂျောမှာ မြန်မာဖိုက်တာ ဆွန်ရက်ကို ရှုံးနိမ့်ထားသူဖြစ်

ယခုတစ်ပတ် ကျင်းပမည့် ONE Friday Fight 76 ပြိုင်ပွဲတွင် သန့်ဇင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းဖိုက်တာ တိုင်စောဂျောမှာ မြန်မာဖိုက်တာ ဆွန်ရက်ကို ရှုံးနိမ့်ထားသူဖြစ်
Photo: ONE
Photo: ONE
Published 19 August 2024

ယခုတစ်ပတ် ကျင်းပမည့် ONE Friday Fight 76 ပြိုင်ပွဲတွင် သန့်ဇင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းဖိုက်တာ တိုင်စောဂျောမှာ မြန်မာဖိုက်တာ ဆွန်ရက်ကို ရှုံးနိမ့်ထားသူဖြစ်ကြောင်း သိရသည်။

သန့်ဇင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းဖိုက်တာ တိုင်စောဂျောသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်းက ကျင်းပခဲ့သည့် ONE Friday Fight 1 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဆွန်ရက်ကို အမှတ်ဖြင့်ရှုံးနိမ့်ထားခြင်းဖြစ်သည်။

ထိုင်းဖိုက်တာ တိုင်စောဂျောသည် ONE Friday Fight  ပြိုင်ပွဲတွင် နှစ်ပွဲသာထိုးသတ်ထားသေးပြီး နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည်။

ထိုင်းဖိုက်တာ တိုင်စောဂျောသည် ၂၀၂၃ ခုနှစ် မေလအတွင်းက ONE Friday Fight 18 ပြိုင်ပွဲတွင် မလေးရှားဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ထားရာ တတိယအချီတွင် အလဲထိုးဖြင့်ရှုံးနိမ့်ထားသည်။

မြန်မာဖိုက်တာ သန့်ဇင်သည် ONE Friday Fight ပြိုင်ပွဲတွင် တစ်ပွဲသာ ထိုးသတ်ထားပြီး အနိုင်ရရှိထားသည်။

သန့်ဇင်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီအတွင်းက ONE Friday Fight 52 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျိုင်ဆင်းကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။

ONE Championship သည် ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fight 76 ပြိုင်ပွဲတွင် သန့်ဇင် နှင့် ထိုင်းဖိုက်တာ တိုင်စောဂျောတို့၏တွဲဆိုင်းကို ဒုခေါင်တွဲဆိုင်းအဖြစ် သတ်မှတ်ထားပြီး Catchweight (၁၃၆ ပေါင်) တန်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်စေမည်ဖြစ်သည်။

ONE Championship သည် ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fight 76 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ငါးဦးအထိ ထည့်သွင်းထားသည်။

ONE Friday Fight  ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ငါးဦးအထိ ထည့်သွင်းထားခြင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

သြဂုတ် ၂၃ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပမည့် ONE Friday Fight 76 ပြိုင်ပွဲတွင် မြန်မာဖိုက်တာများ၏ တွဲဆိုင်းများအဖြစ် သန့်ဇင် နှင့် ထိုင်းဖိုက်တာ တိုင်စောဂျော၊ သွေးလင်းထက်နှင့် ထိုင်းဖိုက် တာ ဂန်ချိုင်း၊ အဲမွီနှင့် ဂျပန်ဖိုက်တာ  တာကာဇိုနို၊ ဆစိုးသီဟ(စောစံမြား)နှင့် ဂျပန်ဖိုက်တာ မာဆာတိုရှီ၊ ဆူလိုင်မန်(ထွန်းမင်းနိုင်)နှင့် ထိုင်းဖိုက်တာ  ကော်ပိုင်တို့ ထိုးသတ်ကြမည် ဖြစ်သည်။

Most Read

Most Recent