လိုချင်သည့် အနိုင်ရလဒ် ရယူနိုင်ခဲ့၍ ပျော်ရွှင်သည်ဟု မာတင်နယ်လီ ပြောကြား

လိုချင်သည့် အနိုင်ရလဒ် ရယူနိုင်ခဲ့၍ ပျော်ရွှင်သည်ဟု မာတင်နယ်လီ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 19 August 2024

အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား မာတင်နယ်လီက ဝုလ်ဗ်နှင့်ပွဲတွင် လိုချင်သည့်အနိုင်ရလဒ် ရယူနိုင်ခဲ့၍ ပျော်ရွှင်သည်ဟု ပြောကြားခဲ့သည်။

"ဒါဟာ ကျွန်တော်တို့ လိုချင်နေတဲ့အရာဖြစ်ပြီး နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် တကယ်ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ ဆာကာရဲ့ အရည်အသွေးကိုရော ကိုင်(ဟာဗက်ဇ်)ရဲ့ အရည် အသွေးကိုရော သိထားပါတယ်။ သူတို့က အသင်းအတွက် တကယ့်ကို အရေးပါသူတွေပါ။ ပြီးတော့ သူတို့ကို ကျွန်တော်တို့ ယုံကြည်ပြီးပွဲကို အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်ဆိုတာလည်း သိထားပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့အရာကို ရယူနိုင်တဲ့ အရည်အသွေးရှိတယ်ဆိုတာလည်း ယုံကြည်ထားပါတယ်"ဟု မာတင်နယ်လီက ပြောကြားခဲ့သည်။

နည်းပြ အာတီတာနှင့်ပတ်သက်၍လည်း မာတင်နယ်လီက "သူက လူတော်တစ်ယောက်ပါ။ လူတိုင်းက သူ့ကို ချစ်ကြပါတယ်။ သူ့လက်အောက်မှာ ကစားခွင့်ရတာ ကံကောင်းပါတယ်"ဟု ပြောကြားခဲ့ပြီး ချန်ပီယံပြိုင်ဆိုင်မှုကိုမူ "ပရီးမီးယားလိဂ်က ကမ္ဘာမှာ အခက်ခဲဆုံးလိဂ်ဖြစ်ပြီးတော့ မန်စီးတီးနဲ့ အားပြိုင်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာလည်း ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့ တစ်ပွဲချင်းပဲ ရင်ဆိုင်သွား မှာပါ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent