နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး ဆက်တိုက်ကျဆင်း

နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး ဆက်တိုက်ကျဆင်း
Published 15 August 2024

နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေးများ ဆက်တိုက်ကျဆင်းလာပြီး သုံးရက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၀၀၀ ဝန်းကျင် ကျဆင်းကြောင်း စျေးကွက်အ တွင်းမှ စုံစမ်းသိရှိရ သည်။

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း   အမြင့်ဆုံး မြင့်တက်ခဲ့မှုအနေဖြင့် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ သြဂုတ်  ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ဒေါ်လာစျေး အကျဘက်ကို ဦးတည်လာခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် တစ်ဒေါ် လာလျှင် ကျပ် ၇၁၀၀ ဝန်းကျင်၊ နေ့လည်ပိုင်း တွင် ကျပ်  ရဝဝဝနှင့် ညနေပိုင်းတွင် ကျပ် ၆၅၀၀ ဝန်းကျင်အထိ တစ်ရက်အတွင်း တစ် ဒေါ်လာလျှင် ကျပ် ၆၀၀ ဝန်းကျင်ကျ ဆင်း ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ကျပ် ၆၂၀၀- ၆၅၀၀ ဝန်းကျင်ရှိနေခဲ့ပြီး ညနေပိုင်း တွင် ကျပ် ၅၉၀၀ ဝန်းကျင်သို့  ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ  သုံးရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ် သည်။

“အဲ့မတိုင်ခင်လေးမှာ  အမြင့်ဆုံးတက် နေချိန်မှာ လူတွေအရမ်းလုဝယ်နေတာမို့ အ မြင့်ဆုံးထိ တက်သွားတာပါ။ သို့ပေမယ့် အဲ့ အချိန်မှာ အရောင်းအဝယ်စျေးအရမ်းဟ သွားပါတယ်။ ဒေါ်လာတစ်ခုတည်းမဟုတ် ပါဘူး။ နိုင်ငံခြားငွေအကုန်ပေါ့လေ။  ၇၂၀၀ လောက်အထိ တက်သွားတယ်။ ဘတ်စျေး ဆို ၂၀၆ လောက်အထိ အရောင်းအဝယ်ဖြစ် ခဲ့တယ်။ အဲဒီအချိန်မှာ သတင်းထူးတစ်ခု ကြောင့်  အဝယ်သမားတွေ တစ်ချက်အဝယ် ရပ်တာနဲ့ ချက်ချင်းပြန်ကျတာပါ။ ဘာလို့ဆို အမြင့်ဆုံးတက်တဲ့နေ့ထဲက စျေးအရမ်းခွာ သွားတာကို တွေ့ရမှာပါ” ဟု Myanmar Market Price  မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

သြဂုတ်လအတွင်း နိုင်ငံခြားငွေလဲနှုန်း  အနေဖြင့် သြဂုတ် ၆ ရက်က တစ်ဒေါ်လာ လျှင် ကျပ် ၅၄၀၀ ဝန်းကျင်းအထိ မြင့်တက်ခဲ့ သည်။ သြဂုတ် ၇ ရက်တွင် ၅၅၀၀ ဝန်းကျင်၊  သြဂုတ် ၈ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၇၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ယင်း နေ့တွင် ယူရို ၆၀၀၀ ကျော်၊ စင်ကာပူဒေါ် လာ ၄၀၀၀ ကျော်နှင့်ထိုင်းဘတ် ၁၆၀ ဝန်း ကျင်အထိ မြင့်တက်ခဲ့သည်။

သြဂုတ် ၁၃ ရက်က ရွှေငွေစျေးကွက် အတွင်း ငွေလဲနှုန်း အတက်ကြမ်းခဲ့ပြီး စံချိန် တင်စျေးနှုန်းမြင့်တက်သည်အထိ ဖြစ်ပေါ်ခဲ့ သည်။ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ လျှင် ကျပ် ၇၀၀၀ ကျော်၊ စင်ကာပူတစ်ဒေါ် လာလျှင် ကျပ် ၅၀၀၀ ဝန်းကျင်နှင့်ထိုင်းဘတ် ကျပ် ၂၀၀ ကျော်၊ တရုတ်ယွမ်အနေဖြင့် ကျပ် ၁၀၀၀ ဝန်းကျင်၊ မလေးငွေ ၁၄၀၀- ၁၅၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

“ဒီနေရာမှာ လေ့လာကြည့်ရင် ဝယ် စျေးရောင်းစျေးအရမ်းခွာလာတာတွေ့ရမှာ ပါ။ ဘာကြောင့်လဲဆိုရင် အတက်ကြမ်းနေ ချိန်မှာ အတက်စျေးကို ကာမိဖို့ ရောင်းရှုံးမ ဖြစ်ဖို့ ဝယ်ရောင်းတွေက အတက်စျေးကို ကြို ကန်ပြီး ရောင်းကြတာဖြစ်ပါတယ်။ ဒီ လောက်ကြိုကန်ထားတာတောင် ရောင်းပြီး ပြန်ဝယ်မရ ရှုံးတဲ့အထိ အတက်ကြမ်းခဲ့ပါ တယ်။ နောက်တစ်ခုကတော့ ရောင်းစျေး ဝယ်စျေး အရမ်းခွာလာပြီဆိုရင် ပြန်ကျနိုင် တဲ့ အလားအလာရှိတယ်ဆိုတဲ့သဘောပါ။ ဒါကတော့ အရင်ဖြစ်ခဲ့တဲ့အတွေ့အကြုံတွေ ကို အခြေခံပြီး သုံးသပ်တာဖြစ်ပါတယ်။ တ ကယ်လို့သာ ဝယ်စျေးရောင်းစျေး တအားခွာ ထားတာကိုမှ ဝယ်လိုအား မကျဘဲ ဆက် တိုက်လုဝယ်နေသေးတယ်ဆိုရင်တော့ အခု ထက် ဆက်လက်မြင့်တက်သွားမှာပဲဖြစ်ပါ တယ်။ စျေးအရမ်းခွာထားတာကို အဝယ်မ လိုက်တော့ဘဲ နိုင်ငံခြားငွေစျေး ရောင်းလို အားပိုများလာပြီဆိုမှသာ ငွေစျေးတွေ ပြန် လည်ကျဆင်းလာမှာဖြစ်ပါတယ်” ဟု  Myanmar Market Price မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent