တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ  မြန်မာနိုင်ငံသို့ လာရောက်မည်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ  မြန်မာနိုင်ငံသို့ လာရောက်မည်
Published 13 August 2024

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သြဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ မြန်မာနှင့်ထိုင်းနိုင်ငံတို့ကို  သွားရောက်မည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

ကြားသိရသော သတင်းများအရ ဝမ်ယိသည် သြဂုတ် ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဝမ်ယိသည် ထိုင်း နိုင်ငံတွင် ကျင်းပမည့် နဝမအကြိမ်မြောက် လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ရန်နှင့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့က နိုင်ငံ ခြားရေးဝန်ကြီးများ၏ အလွတ်သဘောဆွေးနွေးမှုကို တက်ရောက်ရန် ထိုင်းနိုင်ငံသို့  သွားရောက်မည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏မြန်မာနိုင်ငံခရီးစဉ်သည် နယ်ပယ်အသီးသီး၌ နှစ်ဦး နှစ်ဖက် အပြန်အလှန်အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှုများ လေးနက်စေရန်လည်း ကောင်း၊ နှစ်နိုင်ငံပြည်သူတို့၏ ရင်းနှီးသော ချစ်ကြည်မှု ခိုင်မြဲစေရန်လည်းကောင်း၊ ရည် မှန်းချက်တူညီသော အနာဂတ်နှင့်အတူ တရုတ်-မြန်မာ လူမှုအသိုင်းအဝိုင်း တည် ဆောက်မှုကို တိုးတက်အောင်ဆောင် ရွက်ရန် လည်းကောင်း ရည်ရွယ်သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က  တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ ခရီးစဉ်နှင့်ပတ်သက်၍ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။                          

           

         

Ref: Ministry of Foreign Affairs (China)

Most Read

Most Recent