ဘရာဇီးတွင် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသူ ၆၁ ဦးစလုံး သေဆုံး

ဘရာဇီးတွင် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသူ ၆၁ ဦးစလုံး သေဆုံး
Photo-AFP
Photo-AFP
Published 10 August 2024

ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်တွင် သြဂုတ် ၉ ရက်က ခရီးသည် ၅၇ ဦးနှင့်လေယာဉ်အမှုထမ်း လေးဦးလိုက်ပါလာသည့်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားပြီး လိုက်ပါလာသူအားလုံးသေဆုံးခဲ့သည်ဟု လေ ကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

Voepass လေကြောင်းလိုင်းမှ ATR 72-500 လေယာဉ်သည် တောင်ပိုင်းပါရာနာပြည်နယ် ကက်စ်ကာဗယ်မှ ဆော်ပိုလို၏ ဂွာရူဟို့စ်နိုင်ငံ တကာလေဆိပ်သို့ သွားရောက်ချိန်တွင် ဗင်ဟီဒိုမြို့၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။Voepass က လေယာဉ်တွင် ခရီးသည် ၅၈ ဦးလိုက်ပါလာကြောင်း အစောပိုင်းက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် လေကြောင်းလိုင်း၏ ဝက်ဘ်ဆိုဒ်၌ ခရီးသည် ၅၇ ဦးလိုက်ပါလာ သည်ဟု ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

“အသက်ရှင်သူမရှိပါဘူး”ဟု ဗာလင်ဟို့စ်မြို့ အစိုးရကဆိုသည်။ဒေသခံ ၇၆,၀၀၀ နေထိုင်သည့် ဗင်ဟီဒိုမြို့သည် ဆော်ပိုလို၏အနောက်မြောက်ပိုင်း မိုင် ၅၀ အကွာတွင် တည်ရှိသည်။

“သေဆုံးသူတွေရဲ့ အကြွင်းအကျန်တွေကို ပြန်လည်သိမ်းဆည်းပြီး ဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်ဖို့ စတင်လုပ်ဆောင်နေပါ တယ်။ဒါက တစ်ညလုံးအချိန်ယူရမှာဖြစ်ပါတယ်”ဟုဆော်ပိုလိုပြည်နယ် အုပ်ချုပ်ရေးမှူး တာစီစီယိုဒီဖရိုင်တက်စ်ကဆိုသည်။

Ref: AFP

Most Read

Most Recent