ပို့ကုန်ရငွေပမာဏ၏ ၃၅ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်

ပို့ကုန်ရငွေပမာဏ၏ ၃၅ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်
Published 7 August 2024

ပို့ကုန်ရငွေပမာဏ၏ ၃၅ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ကြောင်း ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ်( ၃၇/၂၀၂၄) အား သြ ဂုတ် ၇ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၃) ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့သည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent